❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၂၁-၂၃ နှစ်ခြင်းဆရာယောဟန် (John the Baptist) အား ယဇ်ပုရောဟိတ် (Priest) တို့က ဤသို့ထင်မြင်ထားသည်။

(က) မောရှေ (Moses) ပြောထားခဲ့သော ပရောဖက် (Prophet) (တရား ၁၈း၁၅)
(ခ) ဧလိယ (Elijah) (မာလ ၄း၅)
(ဂ) မေရှိယ (Messiah)
(ဃ) မိစ္ဆာပရောဖက် (False prophet) တို့ဖြစ်သည်။

ယောဟန် (John) သည် အထက်ပါ ထင်မြင်ချက်များကို ငြင်းပယ်ခဲ့၏။ သူသည် ပရောဖက်ဟေရှာယ (Prophet Isaiah) ဟောပြောခဲ့သော ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေလော့ဟု တော၌ ဟစ်ကြော်သောသူ၏ အသံဖြစ်သည်ဟု သူ့ကိုယ်သူခေါ်ဆိုခဲ့သည်။ ခေါင်းဆောင်တို့သည် ယောဟန်အား မည်သူဖြစ်သနည်းဟု အကြိမ်ကြိမ်မေးရခြင်းမှာ လူတို့သည် မေရှိယကို မျှော်လင့်နေခဲ့ကြ သောကြောင့်ဖြစ်သည် (လု ၃း၁၅)။ သူသည် မေရှိယအတွက် လမ်းခင်းပေးရန်သာ လာရခြင်းဖြစ်ကြောင်း ယောဟန်ကပြောခဲ့သည်။ ဖာရိရှဲ (Pharisees) တို့သည် ယောဟန်ကို မည်သူဖြစ်မှန်း မသိခဲ့ရပေ။ ယောဟန်က ယေရှုသည် မည်သူဖြစ်သည်ကိုသာ သိစေခဲ့သည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.