❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၃၁-၃၄ ယေရှုအား နှစ်ခြင်းပေးသောအချိန်၌ နှစ်ခြင်း ဆရာယောဟန်သည် ယေရှုအား မေရှိယဟူ၍ ကြော်ငြာခဲ့သည်။ ထိုအချိန်၌ ဘုရားသခင်သည် ယောဟန်အား ယေရှုသည် ဘုရားသခင်မှ စေလွှတ်သူဖြစ်ကြောင်း နမိတ်ပြပြီးဖြစ်သည် (၁း၃၃)။ ယောဟန်နှင့် ယေရှုတို့သည် အမျိုးတော်သည် (လု ၁း၃၆) ဖြစ်သောကြောင့် ယောဟန်က ယေရှုမည်သူမည်ဝါဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်သည်။ သို့သော်လည်း ထိုနှစ်ခြင်း ခံယူချိန်အထိ ယေရှုသည် မေရှိယဖြစ်ကြောင်းကို ယောဟန်က မသိခဲ့ပေ။ ယေရှု၏ နှစ်ခြင်းမင်္ဂလာနှင့် ပတ်သက်၍ မ ၃း၁၃-၁၇၊ မာ ၁း၉-၁၁၊ လု ၃း၂၁-၂၂ တို့တွင် ဖော်ပြထားသည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯