❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၄၆ ဂျူးလူမျိုးတို့က နာဇရက်မြို့(Nazareth) ကို မနှစ်မြို့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရောမစစ်တပ်အခြေချသောမြို့ ဖြစ်သောကြောင့် ဖြစ်သည်။ နာဇရက်လူတို့၏ မတင်မကျဖြစ်တတ်မှု၊ ဘာသာရေးနှင့် ကိုယ်ကျင့်တရား မကောင်းမှုတို့ကြောင့် နာသနေလ (Nathanael) သည် နာဇရက်မြို့ကို အထင်သေးခဲ့သည်။ နာသနေလ၏ ဇာတိမှာ ကာနမြို့ (Kanah) ဖြစ်သည်။ နာဇရက်မြို့မှ (၄) မိုင် ဝေးသည်။

၁း၄၆ မေရှိယသည် နာဇရက်မြို့မှ ဖြစ်ကြောင်းကို နာသနေလ ကြားသောအခါ၌ လွန်စွာ အံ့သြမှုဖြစ်ခဲ့သည်။ ဖိလိပ္ပိ (Philippians) က လာ၍ ကြည့်ပါဟု ပြောသောအခါ နာသနေလသည် ယေရှုနှင့် သွားရောက် တွေ့ ဆုံပြီးနောက် တပည့်တော် ဖြစ်လာခဲ့သည်။ အကယ်၍ နာသနေလသည် သူ ယခင်က တလွဲယူဆ ထားသည့် အတိုင်းသာ တစ်ဖက်သတ် အလွဲယူဆပြီး ဆက်လက် မစုံစမ်းခဲ့လျှင် သူသည် မေရှိယကို တွေ့မည်မဟုတ်ပါ။ လူတို့၏ တလွဲ အယူအဆများကြောင့် ခရစ်တော်၏ တန်းခိုးနှင့်မေတ္တာကို လူတို့အား ကင်းကွာမှု မဖြစ် စေသင့်ပါ။ ယေရှုသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိမြည်းစမ်း နိုင်ရန်အတွက် လူတို့အား ဖိတ်ခေါ်ပါသည်။

Continue… » »

❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.