❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၄၇-၄၉ ယေရှုသည် နာသနေလအား မတွေ့ဆုံမီ အချိန်ကတည်းက သူ၏အကြောင်းကို သိခဲ့သည်။ ယေရှုသည် ကျွန်ုပ်တို့ မည်ကဲ့သို့သော သူဖြစ်ကြောင်းကို သိရှိသည်။ ရိုးသားသောသူသည် ယေရှုက သူ့အား အကုန်အစင် သိရှိကြောင်းကို သိသောအခါ၌ သက်တောင့်သက်သာ ရှိမည်ဖြစ်သော်လည်း မရိုးသားသော သူများမှာမူ သက်တောင့်သက်သာ ရှိမည်မဟုတ်ပါ။ သင်သည် ဟန်ဆောင်၍မရပါ။ သင်မည်သူ ဖြစ်သည်ကို ဘုရားသခင် ကသိ၏။ သင့်ကို သူ၏ နောက်တော်သို့လိုက်ရန် ဘုရားသခင်အလိုရှိသည်။
၁း၅၁ ဤကျမ်းပိုဒ်သည် ကမ္ဘာဦးကျမ်း ၂၈း၁၂ ၌ ရေးသားထားသော ယာကုပ် (Jacob) ၏ အိပ်မက်ကို ညွှန်ထားသည်။ ယေရှုသည် ကမ္ဘာကြီးနှင့် ကောင်းကင်ကို ဆက်သွယ်ပေးသော လှေကားဖြစ်သည်။ ယေရှုအား ကျွန်ုပ်တို့မှ လှေကားကဲ့သို့ တွေ့မြင်ရမည်ဟု မဆိုလိုဘဲ ယေရှု၏ စစ်မှန်သော သဘောသဘာဝနှင့် သူ၏ လူ့လောကသို့ လာရခြင်းအကြောင်းကို ဝိညာဉ်ရေးရာအရ သိမြင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯