❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၃။ အခြားမင်္ဂလာများ

(ခ) အသင်းတော်အားသစ္စာပေးခြင်း

ချစ်သော ……. နှစ်ခြင်းအသင်းတော်ဝင် အပေါင်းတို့ ……. သင်တို့ကို အဖဘုရားသခင် ထံတော်သို့ လမ်းပြ ပို့ဆောင်ရန်အတွက် အဖဘုရားသခင်သည် သင်တို့ကို သိုးထိန်းတစ်ပါး ပေးလေပြီ။ ထိုသိုးထိန်းသည် အမြင့်ဆုံးသော ဘုရား၏ အစေတော်ကို သင်တို့အဖို့ အစေခံလိမ့်မည်။ သူသည် သခင်ယေရှု၏ နာမတော်၌ တည်ထောင်သော အသင်းတော်ကို အစေခံဖို့ရာ ယနေ့ သိက္ခာတော်မင်္ဂလာ ခံယူခဲ့ပါပြီ။ ကာလအဆက်ဆက်တွင် လူမျိုးအဆက်ဆက်တို့အား ဧဝံဂေလိတရားနှင့် ဆိုင်သော လမ်းစဉ်များကို ကြိုးပမ်းနွံတာခံလျက် ဟောပြောသွန်သင်သွားကြသည့် ရှေးသန့်ရှင်းသူများ၏ အစေတော်ခံခြင်း တာဝန်များကို ယနေ့ဆရာသည် ဆက်လက်တာဝန်ယူ အစေတော် ခံမည့်သူဖြစ်ပေသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တရားကို သင်တို့အား ဟောပြော၍ သင်တို့ကို အုပ်ထိန်းမည့် သင်တို့၏ သင်းအုပ်ကို ရိုသေခန့်ငြားကြလော့။ သူသည်သင်တို့အား အဘသကဲ့သို့ ဆုံးမခြင်း၊ အမိကဲ့သို့ သွန်သင်ခြင်း၊ ညီအစ်ကိုကဲ့သို့ သတိပေးခြင်းများတို့ကို ကြားနာကြရသောအခါ အဖဘုရားသခင်၏ နာမတော်ကို ထောက်ချင့်ခြင်းဖြင့် သူ၏စကားကို နားထောင်ကြပါလော့။

သူသည် အဖဘုရားခန့်ထားသော ကောင်းသော သိုးထိန်းအဖြစ်ဖြင့်၊ သိုးစုတော်တည်းဟူသော သတင်းတော်နှင့် သင်တို့ကို စိမ်းလန်းကျက်စားရာအရပ်၊ သာယာသောမြစ်နားသို့ ရောက်သည့်တိုင်အောင်၊ အဖဘုရားသခင်၏ အလိုတော်နှင့်အညီ လမ်းပြပို့ဆောင် ထိန်းကျောင်းကျွေးမွေး ပေလိမ့်မည်။ ထိုသို့ လမ်းပြပို့ဆောင်စဉ် ကာလတွင် သူနှင့် သူ၏ မိသားစုတို့၌ လိုအပ်လာမည့် အခါ၌ အသင်းတော်သည် လျစ်လျူမရှုဘဲ သင်တို့၏ သိုးထိန်းနှင့် သူ၏မိသားစုကို ပြုစုကြရလိမ့်မည်။

ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူ နှစ်ဆကို ခံထိုက်သောသူ ဖြစ်သည်ဟူ၍ လည်းကောင်း တရားဟောခြင်း၊ ဆုံးမသြဝါဒပေးခြင်း အမှုကို ကြိုးစားအားထုတ်သော သူတို့သည် အလှူ နှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူ ဖြစ်သည်ဟူ၍ လည်းကောင်း မှတ်ကြရမည်ဟု တိမောသေသြဝါဒစာ ပထမစောင်၌ ရှင်ပေါလု သွန်သင်သည်အတိုင်း သင်တို့အား အဖဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင် ဆုံးမမည့် သင်တို့၏ ဆရာတော်အသက် မွေးစေခြင်းငှာ စေတနာနှင့် လှူဒါန်းပြုစု ကျွေးမွေးကြရပေလိမ့်မည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.