❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၁၄ ယောဟန် (John) သည် ဤပထမဆုံးသော ဗိမာန်တော်ကို သန့်ရှင်းစေသောအမှုကို မှတ်တမ်းတင်ထားသည်။ ဒုတိယအကြိမ် သန့်ရှင်းစေသော အမှုမှာ ယေရှု၏ သာသနာခရီး ပြီးဆုံးခါနီးအချိန် (၃)နှစ် ကြာပြီးနောက်တွင် ဖြစ်ပေါ်ခဲ့သည် (မ ၂၁း၁၂-၁၇၊ မာ ၁၁း၁၂-၁၉၊ လု ၁၉း၄၅-၄၈၊ ယောဟန် ၂း၁၄-၁၆)။ ဘုရားသခင်၏ ဗိမာန်တော်ကို လူတို့သည် ဈေးရောင်းသောနေရာ ဖြစ်စေခဲ့သည်။ သူတို့က ဘုရားသခင်၏ အိမ်သည် အကျိုးအမြတ်ရှာသော နေရာမဟုတ်။ ဝတ်ပြုရာနေရာ ဖြစ်ကြောင်းကို မေ့လျော့ခဲ့ကြသည်။ (သို့) အရေးမထား ခဲ့ကြပါ။ ကျွန်ုပ်တို့သည် ဗိမာန်တော်ကို စီးပွားရှာရန် နေရာ စီးပွားရေးအတွက် အဆက်အသွယ်ရရန် နေရာအဖြစ် မြင်လျှင်မှားယွင်းသည်။ သင်သည် ဘုရားသခင်အား ဝတ်ပြုရန် ဗိမာန်တော်သို့ သွားခြင်းဖြစ်ပါစေ။
၂း၁၅-၁၆ ယေရှုသည် ဗိမာန်တော်သို့ ဝတ်ပြုရန် လာရောက်သူများ အပေါ် အခွင့်ကောင်း ယူသူများအား အမျက်ထွက်ခဲ့သည်။ ရမ်းကားခြင်းနှင့် အမှန်တရား အတွက် အမျက်ထွက်ခြင်းသည် ကွာခြားသည်။ ကျွန်ုပ်တို့သည် အမျက်ထွက်ခြင်းတည်း ဟူသော စိတ်တန်ခိုးအား မည်သို့ အသုံးပြုသည်ကို သတိပြုရမည်။ တရားမျှတမှု မရှိခြင်း၊ အပြစ်တရားအတွက် အမျက်ထွက် ခြင်းသည် မှန်ကန်သော်လည်း သေးငယ်သော ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ခံရမှု များအတွက် အမျက်ဒေါသ ထွက်ခြင်းသည် မှားယွင်းသည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯