❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၂၃-၂၅ ဘုရားသခင်၏ သားတော်က လူ့သဘာဝ အားလုံးကိုသိသည်။ ယေရမိ ၁၇း၉ ၌ ဖော်ပြထားသည့်အတိုင်း ‘စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် ကောက်ကျစ်စဉ်းလဲတတ်၏။ အလွန် ယိုယွင်းသော သဘောရှိ၏။’ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။ လူတို့၏ စိတ်နှလုံးကို ယေရှုက သိသည်။ ယေရှုက သူ၏ နောက်တော်သို့ လိုက်သောသူတို့၏ စိတ်နှလုံးကို ဆန်းစစ်ကြည့်သောအခါ၌ အချို့သော သူတို့၏ ယုံကြည်ခြင်းသည် အပေါ်ယံမျှသာဖြစ်သည်။ ယေရှုကို ယုံကြည်ပါသည်ဟု ကြွေးကြော်နေသော သူအချို့တို့သည် မကြာသော အချိန်၌ ‘ကားတိုင်တင်ပါ’ ဟု ဟစ်အော်မည်ကို ယေရှုက သိသည်။ စိတ်လှုပ်ရှားသော အချိန်၌ လူအများက ယုံကြည်သော အရာကို ကျွန်ုပ်တို့သည် လိုက်ယုံကြည် လွယ်သည်။ သို့သော် ခရစ်တော်နောက်သို့ လိုက်နေစဉ် လူများအတွက်မနှစ်မြို့ ဖွယ်အချိန်၌လည်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေသင့်သည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯