❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၈

၁၈း၁၉ ထိုည၌ ကြိုတင်ကြားနာသည့် အနေဖြင့် ယေရှုအား အန္နတ် (Annas) ၏ ရှေ့သို့ ခေါ်ဆောင်သွားခဲ့သည် (မာ ၁၄း၅၃-၆၅)။ ဘာသာရေး ခေါင်းဆောင်များ၌ ယေရှုအား တရားစွဲဆိုရန် ခိုင်မာသော အကြောင်းပြချက် မရှိပေ။ ထို့ကြောင့် မှားယွင်းသော သက်သေများကို အသုံးပြု၍ ယေရှုအား တရားစွဲဆိုနိုင်အောင် လုပ်ဆောင်ခဲ့သည် (မာ ၁၄း၅၅-၅၉)။

၁၈း၂၂-၂၇ ကျွန်ုပ်တို့သည် ယေရှုအပေါ်၌ မတရားပြုမူ ခဲ့သည့် အထက်လွှတ်တော် အပေါ်၌ ဒေါသထွက် နိုင်သည်။ သို့သော်လည်း ကျွန်ုပ်တို့ သတိပြုရမည်မှာ ပေတရု (Peter) နှင့် အခြားသော တမန်တော်များသည် ယေရှုအား ငြင်းပယ်ခြင်း၊ စွန့်ခွာခြင်းအားဖြင့် သူ၏ နာကျင်မှုကို ဖြစ်ပေါ်စေခဲ့သည် (မဿဲ ၂၆း၅၆-၅၇)။ ကျွန်ုပ်တို့သည် ဘာသာရေး ခေါင်းဆောင်ကဲ့သို့ မဟုတ်သော်လည်း တမန်တော်များ ကဲ့သို့ပင် ကျွန်ုပ်တို့၏ အသက်တာ၌ အရေးပါသော အစိတ်အပိုင်းများတွင် ခရစ်တော်အား ငြင်းပယ်လေ့ ရှိကြသည်။ အခက်အခဲများကို ကြုံတွေ့ ရသောအခါ၌ ခရစ်တော်၏ နောက်လိုက်များ ဖြစ်ကြောင်းကို ဖုံးကွယ်လေ့ ရှိကြသည်။ အခြားသူများ၏ ပို၍ဆိုးဝါးသော အပြစ်ကို ဖုံးကွယ်ရန် မကြိုးစားပါနှင့်။ ယေရှုထံသို့ သင်သည် လာရောက်၍ ခွင့်လွှတ်ခြင်း၊ ကျန်းမာခြင်းကိုရယူပါ။

Continue… »»


❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.