❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၈
၁၈း၂၉ ပိလတ်မင်း (King Pilate) သည် ဂျေရုရှလင်မြို့ (Jerusalem) တည်ရှိရာ ယုဒပြည် (Judah) ကို AD ၁၆ မှ ၃၆ အထိ အုပ်စိုးသည်။ ပိလတ်မင်းအား ဂျူးလူမျိုးတို့က မကြိုက် မနှစ်သက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ဗိမာန်တော်၏ ဘဏ္ဍာများကို ရေကာတာ (Water Dam) တည်ဆောက်ရာ၌ သုံးခဲ့သည်။ ပိလတ်မင်းကလည်း ဂျူးလူမျိုးများကို မနှစ်မြို့ပါ။ သို့သော် ဂျူးလူမျိုးတို့၏ ဘုရင်ဖြစ်သော ယေရှုအပေါ်၌ အဘယ်အပြစ်မျှ မတွေ့ခဲ့ပါ။
၁၈း၃၀ ပိလတ်မင်း (King Pilate) သည် ယေရှုအား ဘာသာရေး ခေါင်းဆောင်တို့က မုန်းတီးသည်ကိုသိရှိပြီး သူသည် ယေရှုအား သတ်သောသူကဲ့သို့ မဖြစ်စေလိုပါ။ ဂျူးလူမျိုးများကလည်း ယေရှုအား သတ်နိုင်ခွင့် မရှိပေ။ သတ်စေခြင်းအမိန့်သည် ရောမခေါင်းဆောင်များကသာ ချမှတ်နိုင်သည်။ အစအဦး၌ ပိလတ်မင်းသည် အထောက်အထား မပြည့်စုံဘဲ ယေရှုအား စီရင်ရန် ငြင်းပယ်ခဲ့သည်။ ယေရှု၏ အသက်သည် အာဏာကို လွန်ဆန်သူများ ကြား၌လည်နေခဲ့သည်။
❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯