❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၂၅-၂၇ ယေရှုသည် ကားတိုင်ပေါ်၌ သေဆုံးခါနီး အချိန်၌ပင် သူသည် မိသားစုအတွက် ပူပန်ခဲ့သည်။ ယေရှုသည် ယောဟန် (John) အား သူ၏မိခင် မာရိ (Mary) အပေါ်၌ ကူညီစောင့်ရှောက်ရန် မှာခဲ့သည်။ ကျွန်ုပ်တို့၏ မိသားစုသည် ဘုရားသခင်မှ ပေးသည့် လွန်စွာတန်ဖိုးရှိသော လက်ဆောင်ဖြစ်ပြီး မည်သည့်အခြေအနေမျိုး၌ မဆို သူတို့အား စောင့်ရှောက်ရမည်။ မည်သို့သော ဘာသာရေးလုပ်ငန်း အလုပ်တာဝန်ကမျှ ကျွန်ုပ်တို့၏ မိသားစုအား စောင့်ရှောက်ရမည့် တာဝန်မှ ချွင်းချက် မပေးပါ။ သင်၏ မိသားစုအား သင်မှ မည်သို့အားဖြင့် မေတ္တာပြနိုင်ပါမည်နည်း။
၁၉း၂၇ ယေရှုသည် ဤကျမ်းကို ရေးသော ရှင်ယောဟန် (John) အား သူ၏ မိခင်အပေါ်၌ စောင့်ရှောက်ရန် မှာကြားခဲ့သည်။ ထိုအချိန်၌ မာရိ (Mary) ၏ခင်ပွန်း ယောသပ် (Joseph) သည် သေဆုံးခဲ့ပြီး ဖြစ်ပေသည်။ ယေရှုသည် ထိုတာဝန်များအား အဘယ်ကြောင့် သူ၏ ညီများအား မပေးခဲ့ပါသနည်း။ ယေရှုသည် သားအကြီးဆုံးဖြစ်၍ မိခင်အား စောင့်ရှောက်ရန် တာဝန်ရှိပြီး သူနှင့်အတူ ကားတိုင်တော်အနား၌ အတူရှိသည့် ရှင်ယောဟန်အား စိတ်ချယုံကြည် သောကြောင့် ရှင်ယောဟန်အား ထိုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯