❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂၀
၂၀း၁၇ မာရိ (Mary) သည် ယေရှုအား ထပ်မံ၍ မဆုံးရှုံးလိုပါ။ ထိုအချိန်အထိ သူမသည် ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို နားမလည်ခဲ့သေးပါ။ သူမသည် ရှင်ပြန်ထမြောက်ခြင်းအား ယေရှုမှ ကတိပြုခဲ့သည့် ဒုတိယအကြိမ် ကြွလာခြင်းဟု ထင်ခဲ့သည် (၁၄း၃)။ ယေရှုသည် ကောင်းကင်နိုင်ငံသို့ ပြန်မကြွသွားခဲ့ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် မလာရောက်နိုင်ပါ။ ယေရှုအတွက် မာရိ၌ လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်ရှိသည်။
၂၀း၁၈ ပထမ၌ မာရိသည် ယေရှုအား မမှတ်မိခဲ့ပါ။ သူမ၏ ကြေကွဲမှုများသည် သူမ၏ မျက်စိအား ကွယ်စေသည်။ သူမသည် ယေရှုအား တွေ့မြင်ရဦးမည်ဟု မမျှော်လင့်ခဲပါ။ ယေရှုသည် သူမ၏အမည်ကို ခေါ်သောအခါမှ သူမသည် ယေရှုအား ချက်ခြင်းပင် မှတ်မိခဲ့သည်။ သူမ၏ကယ်တင်ရှင်က သူမ၏အမည်ကို ခေါ်သောအခါ၌ သူမ၏နှလုံးသား သည် မေတ္တာဖြင့် လွှမ်းခြုံခြင်း ခံသွားခဲ့သည်။ ယေရှုသည် သင်၏အနား၌ရှိပြီး သင်၏အမည်ကို ခေါ်လျက်ရှိသည်။ သင်သည် မာရိကဲ့သို့ ယေရှုအား သင်၏အရှင်သခင်အဖြစ် လက်ခံနိုင်ပါမည်လား။
❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯