❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂၀

၂၀း၂၃ ယေရှုသည် တမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော် တန်းခိုးနှင့် ပြည့်စေ၏။ ဝိညာဉ်တော် လမ်းပြမှုကိုပေး၏။ အမှုတော်ဆောင် လုပ်ငန်းမှာ လူများတို့အား ယေရှုနှင့် ပတ်သက်သည့် သတင်းကောင်းကို ပြောကြားခြင်းဖြင့် လူများတို့သည် အပြစ်လွတ်ခြင်း အခွင့်ကိုရကြမည်။ တမန်တော်တို့၌ အပြစ်ကို ဖြေလွှတ်နိုင်သည်။ သို့သော် ယေရှု၏ သတင်းစကားကို လက်ခံသော အသစ်သော ယုံကြည်သူတို့၏ အပြစ်များသည် ဖြေလွှတ်ပြီး ဖြစ်ကြောင်းကို တပည့်တော်တို့အား ပြောကြားခွင့် ပေးခဲ့သည် (မဿဲ ၁၆း၁၉)။ ယုံကြည်သူ အားလုံးတို့သည် ထိုသို့ပြောရသော အခွင့်ရှိသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် နောင်တရပြီး ဘုရားသခင်ကို ယုံကြည်သောအခါ၌ အပြစ်လွှတ်ခြင်းနှင့် ယုံကြည်ခြင်းတို့ အကြောင်းကို ပြောကြားနိုင်သည်။

၂၀း၂၄-၂၉ သင်သည် ယေရှုအား မြင်လို ထိတွေ့လို ကြားလို စိတ်ဖြစ်ပေါ်ခဲ့ ဖူးပါသလား။ သင်သည် ယေရှုနှင့်ထိုင်၍ သူ၏ အကြံဉာဏ်ကို ရယူလိုသော အချိန်များ ရှိပါသလား။ သောမ (Thomas) သည် ယေရှုအား ခန္ဓာကိုယ်အားဖြင့်သာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့အားလုံးနှင့် အချိန်နာရီတိုင်း၌ တည်ရှိလိုသည်။ ယခုအချိန်၌ပင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့နှင့် အတူရှိနေသည်။ သင်သည် သူ့အား စကားပြောနိုင်ပြီး သင့်အတွက် သူက ပြောသော စကားများကို ကျမ်းစာ၌တွေ့ရှိနိုင်သည်။ သူသည် သောမအား ပြသ၍ သိရှိစေ သကဲ့သို့ သင့်အားလည်း ပြသသိစေနိုင်သည်။

Continue… » »


❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.