❮ Prev . . . ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၁

၁၁း၅-၇ ယေရှုသည် ဤမိသားစုကို ချစ်ပြီး သူတို့နှင့်အတူ နေခဲ့သည်။ ယေရှုသည် သူတို့၏ ရင်တွင်း၌ ဖြစ်ပေါ်နေသော နာကျင်မှုများကို သိခဲ့သော်လည်း ချက်ချင်းတုံ့ပြန်ခြင်း မပြုခဲ့ပါ။ ထိုသို့ စောင့်ဆိုင်းခြင်းသည် အကြောင်း ရှိသည်။ ဘုရားသခင်၏ အချိန်၊ အထူးသဖြင့် ချက်ခြင်းအဖြေ မပေးသောအခါများ၌ ကျွန်ုပ်တို့သည် ဘုရားသခင်မှ အဖြေမပေးပါ။ (သို့) ကျွန်ုပ်တို့ ဖြစ်လို သည့်အတိုင်း လုပ်ဆောင် မပေးတော့ပါဟု ထင်လေ့ရှိသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို သူ၏ သတ်မှတ်ထားသည့်အချိန်၌ သူ၏ အလိုတော်အတိုင်း ပြည့်စုံစေမည် ဖြစ်သည် (ဖိ ၄း၁၉)။ ထိုအချိန်ကို စိတ်ရှည်စွာ စောင့်နိုင်ရမည် ဖြစ်သည်။

၁၁း၉-၁၀ နေ့အချိန်သည် ဘုရားသခင်၏ အလိုတော်ကို သိခြင်းအားဖြင့် ပုံဆောင်သည်။ ညအချိန်သည် ထိုကဲ့သို့ သိနားလည်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အမှောင်ထု၌ ဆက်လက် လျှောက်လှမ်းသောအခါ၌ ထိခိုက်မှုကို တွေ့ကြုံ ရပေလိမ့်မည်။

Continue… »»


❮ Prev . . . ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.