❮ Prev . . . ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၁

၁၁း၁၄-၁၅ အကယ်၍ ယေရှုသည် လာဇရု (Lazarus) အသက်မထွက်ခင် အချိန်ကာလ၌ လာဇရုနှင့်အတူ ရှိနေခဲ့လျှင် သေစေမည် မဟုတ်ဘဲ ကျန်းမာခြင်းကို ပေးလိမ့်မည်။ သို့သော်လည်း လာဇရု သေဆုံးခြင်း အားဖြင့် ယေရှုသည် သူ၏ သေခြင်းတရားကို အစိုးရသော တန်ခိုးတော်ကို တမန်တော်များနှင့် အခြားသူများအား ပြသနိုင်ခဲ့သည်။ လာဇရုအား အသက်ပြန်လည်၍ ရှင်စေခြင်းသည် ယေရှု၏ တန်ခိုးတော် ပြသရာ၌ အရေးပါပြီး ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်တို့၏ ယုံကြည်ချက်၌ အရေးပါသော ယုံကြည်ချက်တစ်ရပ် ဖြစ်သည်။ ယေရှုသည် မိမိကိုယ်ကိုသာ ရှင်ပြန်ထမြောက် စေနိုင်သည်သာ မဟုတ်ဘဲ အခြားသူများအား ထိုသို့ ရှင်ပြန်ထမြောက် စေနိုင်သည့်တန်ခိုး သူ့မှာရှိသည်။

၁၁း၁၆ သောမ (Thomas) ကို ကျွန်ုပ်တို့က “သံသယ အမြဲဖြစ်သောသူ” ဟု သတ်မှတ်လေ့ရှိသည်။ ဤကျမ်းပိုဒ်၌ သောမ၏ မေတ္တာနှင့် သတ္တိကို ဖော်ပြထားသည်။ တမန်တော်တို့သည် ယေရုရှလင် (Jerusalem) သို့ ယေရှုနှင့် သွားသောအခါ၌ တွေ့ကြုံရမည့် အန္တရာယ်များကို သိသောအခါတွင် ယေရှုအား ထိုမြို့သို့ မသွားရန် ပြောခဲ့သည်။ သောမသည် ထိုကဲ့သို့ မပြုခဲ့ပါ။ သူတို့၏ တားမြစ်မှုကို မအောင်မြင် သောအခါ၌ သူတို့သည် ယေရှုနှင့် အတူတကွ သွားရောက်၍ အသေခံ လိုခဲ့ကြသည်။ ယေရှုသည် အဘယ်ကြောင့် အသတ်ခံရမည်ကို သူတို့ မသိသော်လည်း သူတို့သည် ယေရှုအပေါ်၌ သစ္စာ ရှိခဲ့ကြသည်။ ဘုရားရှင်၏ အလုပ်ကို လုပ်ဆောင် သောအခါ၌ မသိနိုင်သော အန္တရာယ်များရှိသည်။ သင်သည် တမန်တော်တို့၏ စွန့်လွှတ် အနစ်နာခံမှုများနှင့် သူတို့ ပေးဆပ်ရသော အဘိုးအခများကို စဉ်းစားသင့်သည်။

Continue… »»


❮ Prev . . . ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.