❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၂

၁၂း၂၃-၂၅ ဤကျမ်း၌ ယေရှု၏ အသေခံခြင်း လိုအပ်မှုကိုလှပစွာ ပုံဖော်ထားသည်။ စပါးစေ့သည် မြေ၌ မကျခဲ့ပါလျှင် နောင်တစ်ချိန်၌ စပါးစေ့များစွာကို ပေးနိုင်မည့်အပင် မဖြစ်လာနိုင်ပါ။ ကျွန်ုပ်တို့၏ အပြစ်အတွက် ယေရှုသည် သေဆုံးရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သူ၏သေခြင်းကို အောင်မြင်သော တန်ခိုးတော်အား ပြသနိုင်ရန်ဖြစ်သည်။ သူ၏ ရှင်ပြန်ထမြောက်ခြင်းသည် သူ၌ ထာဝရအသက် ရှိကြောင်းကို သက်သေပြသည်။ ယေရှုသည် သူ့ ထာဝရ အသက်ကို ယုံကြည်သူများအား ပေးနိုင်သည်။

၁၂း၂၅ ကျွန်ုပ်တို့၏ အသက်တာ တစ်ခုလုံးကို ခရစ်တော်ထံသို့ လုံးဝဆက်ကပ် အပ်နှံရမည်။ ယင်းသည် ကျွန်ုပ်တို့ သေဆုံးခြင်းကို နှစ်လိုသည်။ ဘုရားရှင်ပေးသော အသက်တာကို အလေးမထား၊ ဖျက်ဆီးလိုသောသဘောကို မဆောင်ပါ။ ခရစ်တော်အား ချီးမြှောက်ဖွယ်ရာဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးသည်အထိ လုပ်ဆောင်လိုသည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့သည် မိမိအကျိုးကိုသာ ကြည့်တတ်သော သဘောကို ဖယ်ရှားရမည်။ ကျွန်ုပ်တို့၏ အကျိုးလုံခြုံမှု၊ သာယာမှုများကို ဖယ်ရှားခြင်းဖြင့်သာ ဘုရားရှင်အား ချစ်မြတ်နိုးစွာ၊ လွတ်လပ်စွာ၊ အစေခံ နိုင်မည်။ ကျွန်ုပ်တို့၏ အသက်တာမှ ကျွန်ုပ်တို့အား ထိန်းချုပ်မှုများကို ဖယ်ရှား၍ ခရစ်တော်၏ ထိန်းချုပ်မှုကို ပြောင်းလဲလာသောအခါ၌ ကျွန်ုပ်တို့သည် ထာဝရအသက်တာနှင့် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

Continue… »»


❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.