❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၂

၁၂း၂၆ လူများက ယုံကြည်ခဲ့သည်မှာ ယေရှုသည် ဂျူးလူမျိုးများအတွက်သာ လာခဲ့သည်။ သို့သော် ယေရှုက ပြောခဲ့သည်မှာ သူ၏နောက်တော်သို့ လိုက်သောသူများသည် သူ့ထံသို့လာ၍ သူ၏ နောက်သို့ လိုက်ရမည်။ ယေရှုက ဂရိလူမျိုးတို့အားလည်း ထိုကဲ့သို့ ဆိုခဲ့သည်။ မှန်ကန်သော နှလုံးသားဖြင့် ယေရှုအား ရှာဖွေသောသူတိုင်း ယေရှုက ကြိုဆိုလျက်ရှိပေသည်။ သူ၏ ပြောဆိုချက်သည် လူသားတိုင်းအတွက် ဖြစ်သည်။ လူတန်းစား၊ လူမျိုးနွယ် ကွာခြားမှုများအား ဘုရားရှင်၏ သတင်းကောင်းအား အတားအဆီး မဖြစ်ပေါ်စေနှင့်။ သတင်းကောင်းအား လူသားအားလုံးအတွက်ဖြစ်ပါစေ။

၁၂း၂၇ ယေရှုသည် သူ့အား ကားတိုင်တင် သတ်မည်ကို ကြိုတင်၍ သိခဲ့သော်လည်း သူသည် လူသားဖြစ်ခဲ့သည့် အားလျော်စွာ ကြောက်ရွံ့ ခဲ့သည်။ သူသည် ဤကမ္ဘာ၏ အပြစ်များကို ထမ်းဆောင်ရမည်။ ခမည်းတော်ဘုရားနှင့် ကွာကင်းရမည်ကို သိခဲ့သည်။ သူသည်ကြောက်ရွံ့စရာ ကောင်းလှသော သေခြင်းမှ ကယ်တင်ခံရန် လိုလား ခဲ့သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်အတွက် ကျွန်ုပ်တို့ အစား သေခံရန် ဘုရားရှင်က စေလွှတ်ခဲ့ကြောင်းကို သူသိသည်။ ယေရှုသည် သူ၏ လူသား လိုအင်ဆန္ဒများကို ပယ်ရှားခဲ့ရခြင်း အကြောင်းမှာ ခမည်းတော်အား နာခံရန်နှင့် ခမည်းတော်အား ချီးမြှောက်ရန်ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့ခက်ခဲ မြင့်မြတ်သောတာဝန်ကို မည်သို့သောအခါမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်သော်လည်း ကျွန်ုပ်တို့သည် နာခံမှုရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် ခမည်းတော်မှ တောင်းဆိုသော မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သူ၏ နာမကို ကြီးမြတ်စေရန် ဖြစ်သည်။

Continue… »»


❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.