❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၂

၁၂း၃၅-၃၆ ယေရှု ပြောခဲ့သည်မှာ သူသည် ခန္ဓာကိုယ်အားဖြင့် ထိုသူတို့နှင့် ခဏတာသာ ရှိလိမ့်မည်။ ထို့ကြောင့် ထိုခဏတာ အချိန်ကို အကျိုးအရှိဆုံး အသုံးပြုသင့်သည်။ အမှောင်ထုထဲ၌ အလင်းတန်း ကျသကဲ့သို့ သူတို့ မည်ကဲ့သို့ လျှောက်လှမ်းရမည်ကို ယေရှုသည် ပြလိမ့်မည်။ သူ၏အလင်း၌ လျှောက်သောသူများသည် အလင်း၏ သားသမီးများ ဖြစ်လာရပြီး အမှန်တရားကို ဖော်ပြသောသူ၊ လူအများက ဘုရားရှင်ထံ ညွှန်ပြသော သူများ ဖြစ်လာမည်။ ခရစ်ယာန်တို့သည် ခရစ်တော်၏ အလင်းကို ဆောင်သောသူ ကျွန်ုပ်တို့အားဖြင့် ဘုရားရှင်၏ အလင်းထွန်းတောက်သော သူများဖြစ်ရမည်။ သူ၏ အလင်းသည် မည်မျှ ထွန်းတောက် နေပါသနည်း။ သင်၏ လုပ်ဆောင်မှုများ၌ ခရစ်တော်အား မြင်နိုင်ပါသလား။

၁၂း၃၇-၃၈ ယေရှုသည် မြောက်များစွာသော အံ့သြဖွယ်ရာများကို လုပ်ဆောင်ခဲ့ သော်လည်း လူအများတို့သည် သူ့အား မယုံကြည် ခဲ့ကြပေ။ ထိုကဲ့သို့ပင် ယခုအချိန်၌လည်း လူများတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့နေရသော်လည်း မယုံကြည်ကြပေ။ သင်သည် သက်သေခံသော အခါ၌ သင်ထင်သည့် အလျှောက် ဘုရားရှင်ထံတော်သို့ ပြောင်းလဲမှု မဖြစ်ပေါ်လာသော အခါ၌ စိတ်ပျက်ခြင်း မဖြစ်ပါစေနှင့်။ သင်၏ တာဝန်မှာ သစ္စာရှိသော သက်သေခံ ဖြစ်ရန်သာလိုသည်။

Continue… »»


❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.