❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၂
၁၂း၄၅ ကျွန်ုပ်တို့မှ ဘုရားရှင်၏ သဏ္ဌာန်တော်ကို စဉ်းစားပုံဖော် လေ့ရှိသည်။ ဖန်ဆင်းရှင်အား ကျွန်ုပ်တို့က မမြင်ရလျှင် ကျွန်ုပ်တို့သည် ထိုအရှင်အား မည်သို့ သိနိုင်မည်နည်း။ ယေရှုမှ ပြောခဲ့သည်မှာ သူ့ကိုမြင်သော သူသည် ဘုရားသခင်ကို တွေ့သည်။ အဘယ်ကြောင့် ဆိုသော် ယေရှုသည် ဘုရားသခင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်ကို သိလိုလျှင် ယေရှု ပြောကြားခဲ့သော အရာများကိုလေ့လာပါ။
၁၂း၄၈ ယေရှု၏ သာသနာပြု ခရီးစဉ်သည် လူသားတို့အား စီရင်ရန်မဟုတ်ဘဲ လူတို့အား ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို ရရှိနိုင်သည့် နည်းလမ်းများအား ပြသရန်ဖြစ်သည်။ ယေရှုက နောက်တစ်ကြိမ် ပြန်လည် ကြွလာသည့်အခါ၌ လူသားတို့အား ဤကမ္ဘာ၌ မည်ကဲ့သို့ အသက်ရှင်ခဲ့သည်ကို အခြေခံ၍ စီရင်ပေလိမ့်မည်။ ကျွန်ုပ်တို့ လက်မခံဘဲ မလိုက်လျှောက်ခဲ့သော ယေရှု၏ စကားများသည် ကျွန်ုပ်တို့အား တရားစီရင် မည်ဖြစ်သည်။ ထိုစီရင်ရာနေ့၌ ယေရှုအား လက်ခံ၍ သူ၏ လမ်းပြသည့်အတိုင်း တရားစီရင်မည် ဖြစ်သည်။ ထိုစီရင်ရာ နေ့၌ ယေရှုအား လက်ခံ၍ သူ၏ လမ်းပြသည့်အတိုင်း အသက်ရှင်သော သူတို့သည် ထာဝရအသက်တာသို့ ရှင်ပြန်ထမြောက် ကြလိမ့်မည် (၁ ကော ၁၅း၅၁-၅၇၊ ၁ သက် ၄း၁၅-၁၈၊ ဗျာ ၂၁း၁-၇)။ ယေရှုအား ငြင်းပယ်လျက် မိမိအလိုရှိသည့်အတိုင်း အသက်ရှင်သော သူတို့သည် ထာဝရ စီရင်ခြင်းကို ခံရမည် (ဗျာ ၂၀း၁၁-၁၅)။ သင်သည် မည်သည့်ဘက်၌ ရှိလိမ့်မည်ကို ယခုအချိန်၌ ဆုံးဖြတ်ပါ။ သင့်ဆုံးဖြတ်ချက်၏ အကျိုးသည် ထာဝရတည်ရှိလိမ့်မည်။
❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯