❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၃
၁၃း၃၄-၃၅ ယေရှုက ပြောကြားသည်မှာ ခရစ်တော် ကဲ့သို့သော မေတ္တာတော်ကြောင့် သူ၏ နောက်လိုက်များ ဖြစ်ကြောင်း ပေါ်လွင်စေသည်။ သင်၏ အသင်းတော် အတွင်း၌ မတရားပြောဆိုခြင်း၊ မနာလိုခြင်း၊ ကွဲပြားခြင်းကိုသာလျှင် လူအများတို့သည် မြင်တွေ့ပါသလား။ သင်တို့၏ တစ်ဦးကိုတစ်ဦး ချစ်ခြင်းသည် အခြားသူများက သင်တို့ကို ယေရှု၏နောက်တော်သို့ လိုက်သောသူများ အဖြစ် မြင်စေပါသလား။
၁၃း၃၄ အခြားသူများအား ချစ်ခြင်းသည် ပညတ်တော် အသစ် မဟုတ်ခဲ့ပေ။ ခရစ်တော် ချစ်သကဲ့သို့ အခြားသူများအား ချစ်ခြင်းသည်သာ တမူထူးခြားသော ပညတ်ဖြစ်သည်။ ယခုအချိန် ကျွန်ုပ်တို့သည် အခြားသူများအား ယေရှု၏ ပေးဆပ်သော မေတ္တာကို အခြေခံလျက် ချစ်ရပေမည်။ ထိုမေတ္တာသည် မယုံကြည်သော သူများအား ခရစ်တော်ထံတော်သို့ ပိုဆောင်နိုင်သည် သာမက၊ ဘုရားရှင်အား ဆန့်ကျင်သည့် ဤကမ္ဘာ၌ရှိနေသော ယုံကြည် သောသူများအား ခိုင်မာစည်းလုံးစေသည်။ ယေရှုအားဖြင့် ဘုရားရှင်၏ မေတ္တာတော်ကို သက်သေဖြစ်စေပြီး ကျွန်ုပ်တို့သည်လည်း ယေရှု၏ မေတ္တာပုံပမာများ ဖြစ်ရမည်။
❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯