❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၃

၁၃း၃၅ ချစ်ခြင်းသည် နွေးထွေးသော ခံစားမှုသာမကဘဲ လက်တွေ့ လုပ်ဆောင်ရမည့် အရာလည်းဖြစ်သည်။ ယေရှုက ကျွန်ုပ်တို့အား ချစ်သကဲ့သို့ ကျွန်ုပ်တို့သည် အခြားသောသူများအား မည်ကဲ့သို့ ချစ်နိုင်မည်နည်း။ သင်မှ အခြားသူများအား အဆင်မပြေသော်လည်း ကူညီခြင်း၊ နာကျင်မှုရှိခြင်း၊ ပေးကမ်းခြင်း၊ အခြားသူများအရေးကို အားစိုက်လုပ်ဆောင်ခြင်း အခြားသူများမှ ပြုသောနာကြင်မှုများကို ပြန်လည်ပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ခံယူခြင်းတို့ဖြင့် ချစ်နိုင်သည်။ ထိုကဲ့သို့သော ချစ်ခြင်းသည် လုပ်ဆောင်ရ ခက်သည်။ ထိုကဲ့သို့ ချစ်တတ်သော သူအား အခြားသူများက အထူးစွမ်းအား ရှိသောသူအဖြစ် သိလေသည်။ ၁ ကော ၁၃ ၌လည်း မေတ္တာနှင့် ပတ်သက်၍ လှပစွာ ဖော်ပြထားသည်။

၁၃း၃၇-၃၈ ပေတရုက ယေရှုအား သူသည် ယေရှု အတွက် အသေခံရန် အဆင်သင့် ရှိသည်ဟု ဂုဏ်ယူစွာ ပြောခဲ့သည်။ သို့သော် ယေရှုက အမှန်ကို ထောက်ပြ ခဲ့သည်။ ထိုည၌ ပေတရုသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ယေရှုအား ငြင်းပယ်မည်ကို ယေရှုသိသည် (၁၈း၁၅-၁၈၊ ၂၅-၂၇)။ ကျွနု်ပ်တို့သည် စိတ်အားကြီးသောအခါ၌ ကတိပြုရန် လွယ်ကူသော်လည်း ကျွန်ုပ်တို့ ကတိပြုမှု အတိုင်းအတာကို ဘုရားရှင်သိသည်။ ပေါလုက ကျွန်ုပ်တို့ ထင်သင့်သည်ထက် ပို၍ မထင်မိရန် ပြောထားသည်။ (ရောမ ၁၂း၃) မိမိကိုယ်ကို မိမိ ဝါကြွားမည့်အစား ဘုရားရှင်၏ စကားတော်များနှင့် သင်၏ ယုံကြည်ခြင်း တိုးပွားသည်နှင့်အမျှ သင်၏ ဆက်ကပ်ခြင်းကို ပို၍ ပေါ်လွင်လာစေပါသည်။

Continue… » »


❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.