❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၄
၁၄း၅-၆ ဤကျမ်းပိုဒ်သည် အလွန်အခြေခံကျ၍ အရေးကြီးသော ကျမ်းပိုဒ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားရှင် ထံတော်သို့ ရောက်ရှိရန် နည်းလမ်းကို မည်ကဲ့သို့ သိနိုင်မည်နည်း။ ယေရှုအားဖြင့်သာ ထိုနည်းလမ်းကို သိနိုင်ပါသည်။ ယေရှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားရှင် ဖြစ်သကဲ့သို့ လူလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာသည် ယေရှုနှင့် တညီတညွှတ်တည်း ရှိခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် တညီတညွှတ်တည်း ဖြစ်သည်။ ယေရှုက သင့်ကို ခမည်းတော်ထံသို့ ပို့ဆောင်မည်ကို ယုံကြည်စိတ်ချပါ။ ထိုအခါ၌ သင်သည် ဘုရားသခင်၏ သားသမီးတို့ ခံစားထိုက်သော ခံစားခွင့်များကိုရရှိပေမည်။
၁၄း၆ ယေရှုက သူသည် ခမည်းတော်ထံသို့ ရောက်ရှိနိုင်သည့် တစ်ခုတည်းသော လမ်းဖြစ်သည်ဟု ဆိုသည်။ အချို့တို့မှာ ထိုလမ်းသည် ကျဉ်းမြောင်းသည်ဟု ငြင်းဆိုပေမည်။ အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့ အားလုံးက ထိုလမ်းကို ရွေးချယ်ခဲ့လျှင် ကျွန်ုပ်တို့အားလုံး ဝင်နိုင်လောက်အောင် ကျယ်ဝန်းသည်။ တစ်ခုတည်းသော လမ်းခရီးကိုသာ ဘုရားသခင်က ပေးခဲ့ခြင်းနှင့် ပတ်သက်၍ ပူပန်သောက ဖြစ်နေမည့်အစား ဘုရားသခင်က သေချာသည့် တစ်ခုတည်းသော လမ်းကို ပေးခဲ့ခြင်းအတွက်ကျေးဇူးတင်ပါ။
၁၄း၆ ယေရှုသည် ခမည်းတော်ထံသို့ ရောက်နိုင်မည့် ‘လမ်းခရီး’ ဖြစ်သည်။ သူသည် ဘုရားရှင်၏ ကတိတော်များ မှန်ကန်မှု ‘သမ္မာတရား’ ဖြစ်သည်။ ယခုအချိန်၌ လည်းကောင်း ထာဝရကာလ၌ လည်းကောင်း သူ၏ ‘အသက်’ နှင့် ကျွန်ုပ်တို့၏ အသက်ကို ဆက်စပ်စေသည်။
❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯