❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၄

၁၄း၉ ယေရှုသည် မမြင်နိုင်သော ဘုရားရှင်၏ ပုံပမာဖြစ်သည်။ သူ၌ ဘုရားရှင်၏ အသွင်ကို ပြည့်ဝစွာ ဖော်ပြသည်။ ယေရှုက ခမည်းတော်ကို မြင်လိုသော ဖိလိပ္ပု (Philip)အား ပြောခဲ့သည်မှာ သူ့ကို သိမြင်သောသူသည် ဘုရားရှင်ကို သိသည်။ ဘုရားရှင်အား ရှာဖွေခြင်း အမှန်တရားနှင့် အဖြစ်မှန်ကို ရှာဖွေခြင်းတို့သည် ခရစ်တော်၌ အဆုံးသတ်သည် (ကော ၁း၁၅၊ ဟေဗြဲ ၁း၁-၄)။

၁၄း၁၂-၁၃ ယုံကြည်သော သူတို့သည် သာ၍ ကြီးမြတ်သော အမှုကို ပြုမည်ဟု ခရစ်တော်က ပြောခဲ့ခြင်းသည် ပို၍ အံ့သြဖွယ်ကောင်းသော အရာများကို ပြုမည်ဟု ဆိုခြင်း မဟုတ်ပါ။ သေသောသူကို ရှင်ပြန်ထမြောက် စေခြင်းသည်ပင်လျှင် လွန်စွာအံ့သြဖွယ် ကောင်းလှ ပေသည်။ ယေရှုဆိုလိုသော သာ၍ ကြီးမြတ်သောအမှုမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်းခိုးတော်အားဖြင့် တမန်တော်တို့သည် ဘုရားရှင်၏ နိုင်ငံတော် သတင်းကောင်းကို ပါလက်စတိုင်းပြည် (Palestine) ၌ သာမက တစ်ကမ္ဘာလုံးသို့ သယ်ဆောင်မည်ဟူ၍ဖြစ်သည်။

Continue… »»


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.