❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၄

၁၄း၁၆ ဥပဇ္ဈာယ်ဆရာ၏ အဓိပ္ပါယ်မှာ ဖြေသိမ့်မှုကို ပေးခြင်း၊ အကြံဉာဏ်ပေးခြင်းဟု အဓိပ္ပါယ်ရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ဘက်၌ ရှိသည့် တန်ခိုးနှင့် ပြည့်ဝသည့်သူဖြစ်ပြီး ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့အတွင်း၌ လုပ်ဆောင်သည်။

၁၄း၁၇ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်သော သင်ကြားမှုများကို အောက်ပါ ကျမ်းပိုဒ်များ၌ တွေ့နိုင်သည်။

  • သန့်ရှင်သော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ စွန့်ခွာမည် မဟုတ်ပါ။ (၁၄း၁၆)
  • ဤလောကကြီးရှိ လူအများစုသည် သူ့ကို လက်မခံနိုင်။ (၁၄း၁၇)
  • သူသည် ကျွန်ုပ်တို့နှင့်အတူ ရှိသကဲ့သို့ ကျွန်ုပ်တို့ အတွင်း၌လည်း ရှိသည်။ (၁၄း၁၇)
  • သူသည် ကျွန်ုပ်တို့အား သင်ကြားမှုပြုပေးပြီး (၁၄း၂၆) ယေရှု၏ စကားတော်များကို သတိရ စေသည်။ (၁၄း၂၆၊ ၁၅း၂၆)
  • သူသည် ကျွန်ုပ်တို့အား အပြစ်ကို ဖော်ပြပြီး ဘုရားသခင်၏ အမှန်တရားများကို ပေါ်လွင်စေလျက်၊ မတရားမှုများ အပေါ်၌ ဘုရားသခင်၏ စီရင်ခြင်းကို ကြေငြာသည်။ (၁၆း၈)
  • သူသည် ကျွန်ုပ်တို့အား အမှန်တရားစီသို့ လမ်းပြပြီး အနာဂတ်ကာလ၌ ဖြစ်ပေါ်မည့်အရာများနှင့် ပတ်သက်၍ အဓိပ္ပါယ်ကို သိစေသည်။ (၁၆း၁၃)
  • သူသည် ခရစ်တော်၏ ဘုန်းတော်ကို ယူဆောင်လာသည်။ (၁၆း၁၄)

အစဦးကပင် သန့်ရှင်သော ဝိညာဉ်တော်သည် လူတို့၌ လှုပ်ရှားခဲ့ပြီး ပင်တေကုတ္တေပွဲ (Pentecost) ပြီးနောက်တွင် (တ ၂) သူသည် ယုံကြည်သူများ၏ အသက်တာ၌ ထူးခြားစွာ လုပ်ဆောင်ခဲ့သည်။ လူအများတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုများကို သတိမပြုမိကြပေ။ သို့သော် ခရစ်တော်၏ စကားတော်များကို ကြားနာ၍ ဝိညာဉ်တော်၏ တန်ခိုးတော်ကို နားလည်သော သူများအတွက် ဝိညာဉ်တော်က အသက်တာအား အသစ်သော အမြင်ဖြင့် ရှုမြင်စေသည်။

Continue… »»


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.