❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၄

၁၄း၁၈ ‘ငါသည် သင်တို့ထံသို့ပြန်လာမည်’ ဟု ယေရှုက အလေးအနက် ပြောထားခဲ့သည်။ ယေရှုသည် ကောင်းကင်သို့ တက်ကြွသွားခဲ့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကျွန်ုပ်တို့ထံသို့ စေလွှတ်ခဲ့သည်။ ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် ရှိခြင်းသည် ကျွန်ုပ်တို့အတွင်း၌ ယေရှုရှိသကဲ့သို့ဖြစ်သည်။

၁၄း၁၉-၂၁ လူများတို့သည် အနာဂတ်ကာလကို သိရှိခြင်းအားဖြင့် အနာဂတ် ကာလအတွက် ပြင်ဆင်မှု ပြုလိုကြသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား ထိုအသိတရားကို မပေးခဲ့ပါ။ ဘုရားရှင်ကသာ မည်သို့ဖြစ်ပျက်လိမ့်မည်ကို သိရှိပြီး ကျွန်ုပ်တို့ လိုအပ်သောအခါ၌ အနာဂတ်ကာလအတွက် မည်ကဲ့သို့ ပြင်ဆင်ရမည်ကို ပြောပေမည်။ ကျွန်ပ်တို့သည် ဘုရားသခင်၏ အဆင့်စံနှုန်းနှင့် အသက်ရှင် သောအခါ၌ ဘုရားသခင်သည် ကျွန်ုပ်တို့အား စွန့်ခွာလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ထံသို့လာ၍ ကျွန်ုပ်တို့အတွင်း၌ တည်ပြီး ကျွန်ုပ်တို့အား သူ၏သဘောသဘာဝကို ဖော်ပြလိမ့်မည်။ ဘုရားသခင်သည် မည်သည့်အရာများ ဖြစ်ပျက်မည်ကို သိရှိပြီး သူသည် ထိုအချိန်များ၌ ကျွန်ုပ်တို့နှင့်အတူ ရှိမည်ဖြစ်သောကြောင့် ကြောက်ရွံ့စရာ မရှိပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ယုံကြည်ရန်အတွက် အနာဂတ်ကာလကို သိရှိရန်မလိုဘဲ ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် အနာဂတ်ကာလကို လုံခြုံမှုရှိစေပါ။

Continue… »»


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.