❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၅

၁၅း၁၂-၁၃ ယေရှုသည် ကျွန်ုပ်တို့ကို ချစ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း အခြားသူများကို ချစ်ရမည်။ ယေရှုသည် သူ၏အသက်ကို ကျွန်ုပ်တို့အတွက် ပေးအပ်သည့် တိုင်အောင် ကျွန်ုပ်တို့အား ချစ်သည်။ ကျွန်ုပ်တို့သည် အခြားသူအတွက် အသက်ကို ပေးရန် မလိုအပ် သော်လည်း ကျွန်ုပ်တို့မှ နားထောင်ခြင်း၊ ကူညီခြင်း၊ အားပေးခြင်း၊ ပေးကမ်းခြင်းတို့ အားဖြင့် ကျွန်ုပ်၏ ဆက်ကပ်အပ်နှံသော မေတ္တာကို ပြနိုင်သည်။ သင်သည် ထိုကဲ့သို့သော မေတ္တာမျိုးကို လိုအပ်သည့် သူတစ်ဥိးကို ယခုအချိန်၌ စဉ်းစားကြည့်ပါ။ ထိုသူ့အား သင်ကပေး နိုင်သော မေတ္တာကိုပေးပြီး ထို့ထက် အနည်းငယ်ပိုသော မေတ္တာကို ပေးနိုင်အောင်ကြိုးစားပါ။

၁၅း၁၅ ယေရှုခရစ်တော်သည် အရှင်သခင် ဖြစ်သောကြောင့် ကျွန်ုပ်တို့အား သူက အစေခံဟု ခေါ်သင့်သော်လည်း၊ ထိုသို့ခေါ်မည့် အစား မိတ်ဆွေဟု ခေါ်ခဲ့သည်။ ကျွန်ုပ်တို့အား ခရစ်တော်၏ အဆွေ အဖြစ် အရွေးခံရခြင်းသည် လွန်စွာနှစ်သက်ဖွယ် ကောင်းပေသည်။ သူသည် ကျွန်ုပ်တို့၏ အရှင်သခင် ဖြစ်သောကြောင့် ကျွန်ုပ်တို့က သူ့အား နာခံသင့် သော်လည်း သူ့အား ချစ်သောကြောင့်သာ ကျွန်ုပ်တို့က နာခံခြင်းကိုသာ ခရစ်တော်အလိုရှိသည်။

၁၅း၁၆ ယေရှုသည် ကျွန်ုပ်တို့ ကိုချစ်၍ ကျွန်ုပ်တို့အတွက် အသေခံပြီး သူနှင့်ထာဝရ နေထိုင်ရန် အလိုရှိသည်။ လက်ခံမည်၊ လက်မခံမည်ကို ရွေးချယ်ရသည်။ ယေရှုကို ရွေးချယ်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့မှ ရွေးချယ်ရမည့်အရာမရှိနိုင်ခဲ့ပါ။

Continue… » »


❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.