❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၅
၁၅း၁၇ ခရစ်ယာန် ဘာသာဝင်တို့သည် ဤကမ္ဘာကြီးမှ မုန်းတီးမှုများစွာကို လက်ခံရလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ရန်၊ ကူညီရန်လိုအပ်သည်။ သင်သည် သေးငယ်သော ပြဿနာများကြောင့် အခြား ယုံကြည်သူများအား မချစ်နိုင် ဖြစ်နေပါသလား။ ယေရှုမှ မိန့်တော်မူခဲ့သည်မှာ ကျွန်ုပ်တို့သည် ထိုသူများအား ချစ်ရမည်ဖြစ်ပြီး ထိုသို့ ချစ်နိုင်ရန် ခွန်အားကို ယေရှုမှ ပေးတော်မူမည်။
၁၅း၂၆ ယေရှုသည် မျှော်လင့်ခြင်းကို ပေးသည်။ ဤလောကကြီးမှ ခရစ်တော်အပေါ်၌ ထားရှိသည့် မစဉ်းစားနိုင် လောက်အောင် မုန်းတီးမှု၊ မကောင်းမှုတို့ကို ကျော်လွှား နိုင်ရန် ခွန်အားကို သန့်ရှင်းသော ဝိညာဉ်တော်က ပေးမည်။ ယင်းသည် အထူးသဖြင့် နှိပ်စက်ခြင်းကို ခံနေရသော သူများအဖို့ ခွန်အားကိုဖြစ်စေသည်။
၁၅း၂၆ ယေရှုမှ သန့်ရှင်းသော ဝိညာဉ်တော်အား အမည် ၂ မျိုးနှင့် ခေါ်ခဲ့သည်။ ယင်းမှာ ဥပစ္ဈာယ်ဆရာနှင့် သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် ဟူ၍ဖြစ်သည်။ ဥပစ္စုာယ်ဆရာသည် ဝိညာဉ်တော်မှ ကူညီခြင်း၊ နှစ်သိမ့်ခြင်း၊ ခွန်အားကို ပေးခြင်းတို့အား ဆိုလိုသည်။ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်သည် ဝိညာဉ်တော်မှ သင်ကြားခြင်း၊ ဖွင့်ပြခြင်း၊ သတိရစေခြင်း တို့အား ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ဦးနှောက်နှင့် စိတ်နှလုံးတို့၌ လုပ်ဆောင် လေ့ရှိပြီး ထိုနှစ်နေရာစလုံးသည် အရေးကြီးသော အစိတ်အပိုင်း ၂ ရပ်ဖြစ်သည်။
❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯