❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၃၅ လူတို့သည် ကိုယ်ခန္ဓာ ဆာလောင်မှုကို ဖြေသိမ့်ရန်နှင့် ခန္ဓာကိုယ် ဆက်လက် အသက်ရှင်နိုင်ရန် မုန့်ကိုစားသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ဆာငတ်မှုကို ဖြေသိမ့်ရန်နှင့် ဝိညာဉ်အသက်တာ ရှင်သန် ကြီးထွားရန်အတွက် ယေရှုခရစ်တော်နှင့် မှန်ကန်သော ဆက်ဆံမှုရှိရန် လိုသည်။ ထို့ကြောင့်လည်း ယေရှုသည် သူ့ကိုယ်သူ အသက်မုန့်ဟု ခေါ်ခဲ့သည်။ အသက်ရှင်ရန် မုန့်ကိုစားရန် လိုအပ်သကဲ့သို့ ဝိညာဉ်အသက်တာ ရှင်သန်ရန်မှာ ခရစ်တော်အား နေ့စဉ် အသက်ရှင် လျှောက်လှမ်းရာ၌ ဖိတ်ခေါ်ရမည်။

၆း၃၇-၃၈ ယေရှုသည် ခမည်းတော်ဘုရားနှင့် ကွာ၍ လုပ်ဆောင်ခြင်းမရှိ၊ ယေရှုသည် ခမည်းတော်နှင့်အတူ စည်းလုံးညီညွတ်စွာ လုပ်ဆောင်သည်။ ယင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ကြိုဆိုခြင်းနှင့် ကာကွယ်ခြင်း အပေါ်၌ပို၍ စိတ်ချယုံကြည်ခြင်းကို ဖြစ်စေသည်။ ယေရှု၏ ရည်မှန်းချက်မှာ သူ့၏လူ့အလိုကို ပြည့်စုံ စေခြင်းထက် ဘုရားသခင်၏ အလိုကို ပြည့်စုံစေရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုနောက်တော်သို့ လိုက်သောအခါ၌ အထက်ပါ ရည်မှန်းချက်အတိုင်း ဖြစ်ရမည်။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.