❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၄၁ ယေရှုက သူသည် ဘုရားဖြစ်ကြောင်း ပြောဆိုမှု အပေါ်၌ ဘာသာရေး ခေါင်းဆောင်များသည် လက်မခံ နိုင်သောကြောင့် သူတို့သည် ယေရှုအား နာဇရက်မြို့ (Nazareth) ရှိ လက်သမား (Carpenter) အဖြစ်သာ မြင်ခဲ့ကြသည်။ သူတို့သည် ယေရှုအား ဘုရားသခင်၏ သားတော်အဖြစ် မယုံကြည်ဘဲ ယေရှု၏ ပြောကြားချက်များကို လက်မခံနိုင်ခဲ့ပေ။ ယခုအချိန်၌ လူအများတို့သည်လည်း ခရစ်တော်အား ဘုရားရှင်၏ သားတော်အဖြစ် လက်မခံနိုင်ကြပေ။ အမှန်မှာ သူတို့သည် ခရစ်တော်၏ လိုလားသော နာခံမှု၊ လိုက်နာမှုများကို လက်မခံ နိုင်သောကြောင့် ဖြစ်သည်။ ခရစ်တော်၏ ပြောဆိုချက်များကို နာခံရခြင်းမှ လွတ်မြောက်ရန်အတွက် ခရစ်တော်ကို ငြင်းပယ် ကြလေသည်။

၆း၄၄ ကယ်တင်ခြင်း၌ လူထက် ဘုရားသခင်သည် ပို၍ အဓိကကျသော အခန်းမှ ပါဝင်လှုပ်ရှားသည်။ လူတစ်ဦးသည် ယေရှုခရစ်တော်အား ကယ်တင်ရှင်အဖြစ် ယုံကြည်ရာ၌ သူသည် ဘုရားရှင်၏ ဝိညာဉ်တော်မှ လှုံ့ဆော်မှုကို တုန့်ပြန်ခြင်းသာဖြစ်သည်။ ဘုရားသခင်သည် လှုံ့ဆော်မှုကို ဖြစ်စေပြီး ကျွန်ုပ်တို့မှ ယုံကြည်မည်၊ မယုံကြည်မည်ကို ဆုံးဖြတ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကူအညီ မပါဘဲ မည်သူမျှ ယေရှုအား မယုံကြည်နိုင်။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.