❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၆
၆း၄၅ ဤကျမ်းပိုဒ်၌ ယေရှုက အညွှန်းပြု ထားသည်မှာ ဓမ္မဟောင်း၌ ရှုမြင်သည့် မေရှိယ (Messiah) အုပ်စိုးသော နိုင်ငံတော်ဖြစ်သည်။ ထိုနိုင်ငံတော်၌ ဘုရားသခင်သည် လူတို့အား တိုက်ရိုက် စကားပြောမည် ဖြစ်သည် (ယေရှာ ၅၄း၁၃၊ ယေရမိ ၃၁း၃၁-၃၄)။ ယေရှုသည် ကြားနာခြင်းသာမက လိုက်နာခြင်းကို အရေးပေး ပြောကြားခဲ့သည်။ အတွေ့အကြုံ သန့်ရှင်းသော ဝိညာဉ်တော်က ဖော်ပြသည့်အတွေး၊ ခရစ်ယာန်များနှင့် ပေါင်းသင်း ဆက်ဆံမှုတို့ အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား သင်ကြားပေးသည်။ သင်သည် ဘုရားသခင်၏ သင်ကြားခြင်းကို နာခံရန် စိတ်နှလုံး တံခါးကို ဖွင့်ထားပါသလား။
၆း၄၇ ယုံကြည်သူဟု ဆိုရာ၌ ဆက်လက်၍ ယုံကြည်သောသူကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် တစ်ချိန်တစ်ခါ တည်းသာ ယုံကြည်သောသူများ မဟုတ်ဘဲ ယေရှုအား ဆက်လက်၍ ယုံကြည် ကိုးစားသောသူများ ဖြစ်ရမည်။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯