❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၆
၆း၆၆ ယေရှု၏ စကားတော်များသည် သူ၏ နောက်တော်သို့ လိုက်သောသူများအား အဘယ်ကြောင့် သူ့အား စွန့်ခွာဖွယ်ရာ ဖြစ်ပေါ်ရစေပါသနည်း။
(၁) သူတို့ မျှော်လင့်ထားသည့် စစ်ကို အောင်မြင်မည့် မေရှိယ ရှင်ဘုရင် မဟုတ်ကြောင်းကို သိရှိလာခြင်း
(၂) သူတို့၏ မိမိအကျိုးကိုသာ ကြည့်ပြီး တောင်းဆို ချက်များကို ယေရှုက ငြင်းပယ်ခဲ့ခြင်း
(၃) ယေရှုက လုပ်ဆောင်ကျင့်ကြံ ခြင်းထက် ယုံကြည်ခြင်းကို ပို၍ အာရုံစိုက် ပြောကြားခြင်း
(၄) ယေရှု၏ သင်ကြားချက်များသည် နားလည်ရန် ခက်ခဲပြီး အချို့သော ပြောကြားချက်များသည် ပြင်းထန်သော ဝေဖန်ချက်များ ဖြစ်သည်။
ကျွန်ုပ်တို့၌ ယုံကြည်ခြင်း ရှင်သန်ကြီးထွား လာသည်နှင့်အမျှ တစ်ခါတစ်ရံ ယေရှုအား စွန့်ခွာလိုသောစိတ် ဖြစ်ပေါ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှု၏ သင်ကြားမှုများသည် ခက်ခဲသောကြောင့် ဖြစ်သည်။ သင်သည် ခရစ်တော်မှ သင်ကြားပေးသော အချို့အရာများကို လက်လျှော့ခြင်း၊ သတိမမူတော့ခြင်း (သို့မဟုတ်) ခရစ်တော်အား စွန့်ပစ်ရန် စဉ်းစားနေပါသလား။ ထိုသို့ စဉ်းစားမည့်အစား ဘုရားသခင်အား ထိုသင်ကြား ချက်များ၏ အဓိပ္ပါယ်ကို ဖော်ပြစေပြီး နေ့စဉ် အသက်တာ၌ မည်ကဲ့သို့ အသုံးပြုရမည်ကို မေးပါ။ သို့မှသာ သင်သည် ဘုရားရှင်၏ အမှန်တရားအတိုင်း လုပ်ဆောင်ရန် သတ္တိရှိပေလမ့်မည်။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯