❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၇
၇း၂၁-၂၃ မောရှေ၏ ဥပဒေအရ အရေဖျားလှီးခြင်း (Circumcision) ကို မွေးဖွားပြီးနောက် (၈) ရက်အကြာ၌ ပြုလုပ်ရမည် ဖြစ်သည်။ (က ၁၇း၉-၁၄၊ ဝတ် ၁၂း၃) ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ဂျူး (Jew) ယောက်ျားတို့သည် ဘုရားရှင်မှ ရွေးချယ်ထားသော လူမျိုးစုဖြစ်ကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ (၈) ရက်မြောက်သောနေ့သည် ဥပုသ်နေ့ (Sabbath) ကျသည့် တိုင်အောင် အရေဖျားလှီးခြင်းကို ပြုလုပ်ကြသည်။ (အရေဖျားလှီးခြင်းသည် အလုပ်လုပ်ခြင်းအဖြစ် လက်ခံသည်) ဘာသာရေး ခေါင်းဆောင်တို့သည် ဥပုသ်နေ့၌ မလုပ်ဆောင်ရမည့် အချို့သောအရာများကို ခြွင်းချက်ပြု၍ လုပ်ဆောင်ကြသော်လည်း ယေရှုအား မည်သည့်ခြွင်းချက်မှ ခွင့်မပေးခဲ့ပါ။ ယေရှုသည် ထိုနေ့၌ လုပ်ဆောင်ခဲ့သော အရာသည် ကျန်းမာခြင်းကို လိုအပ်သောသူအား ကရုဏာ ပြခဲ့ခြင်းသာ ဖြစ်သည်။
၇း၂၆ ဤကျမ်းပုဒ်၌ လူများတို့က ယေရှုအား မည်ကဲ့သို့ မြင်ကြောင်းကို ဖော်ပြထားသည်။ ယင်းတို့မှာ
(က)သူတော်ကောင်း (၇း၁၂)
(ခ) လိမ်ညာသူ (၇း၁၂)
(ဂ) နတ်ဆိုးစွဲသောသူ (၇း၂၀)
(ဃ) ခရစ်တော် (Christ) (၇း၂၆)
(င) ပရောဖက် (Prophet) (၇း၄၀)
တို့ဖြစ်သည်။
ယေရှုသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ကျွန်ုပ်တို့ကိုယ်တိုင် ကျွန်ုပ်တို့ ဆုံးဖြတ် ကြရမည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်သည် ထာဝရအကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯