❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၇

၇း၄၄-၄၆  ရောမလူမျိုး (Romans) တို့သည် ပါလက်စတိုင်းပြည် (Palestine) ကို အုပ်စိုးသော်လည်း ဂျူးဘာသာရေး (Judaism) ခေါင်းဆောင်များအား သေးငယ်သော အမှုအခင်း ဘာသာရေး ပြဿနာများကို ဖြေရှင်းရန် အာဏာပေးခဲ့သည်။ ထိုဘာသာရေး ခေါင်းဆောင်တို့သည် ဗိမာန်တော်ကို စောင့်ကျပ်သော သူများအား ကြီးကြပ်ညွှန်ကြားပြီး ဘာသာရေး ဥပဒေ ချိုးဖောက်သော သူများကို ဖမ်းဆီးနိုင်သော အခွင့်အာဏာ တို့ကို သူတို့အား ပေးခဲ့သည်။ ဘာသာရေး ခေါင်းဆောင်တို့သည် ရာပေါင်းများစွာသော အရေးမပါသည့် ဥပဒေများကို ထုတ်ထားသည်။ ဥပဒေများသည် လွန်စွာများ သောကြောင့် သူတို့သည်ပင်လျှင် အချို့သော ဥပဒေများကို ရံဖန်ရံခါ ချိုးဖောက် လျစ်လျူရှု ခဲ့ကြသည်။ သို့သော် ဗိမာန်တော်ကို စောင့်ကျပ်သော သူများသည် ယေရှုအား ဖမ်းဆီးနိုင်ရန် အကြောင်းတစ်ခု ကိုပင် မရှာနိုင်ခဲ့ကြပါ။ ယေရှုအား အပြစ်ရှာနိုင်အောင် သူ၏ ပြောကြားချက် များကို ဂရုစိုက်နားထောင် သောအခါ၌ ယေရှု၏ ပြောကြားချက် များအပေါ်၌ အံ့ဩနှစ်သိမ့်မှု ဖြစ်ပေါ်ခဲ့သည်။

၇း၄၆-၄၉  ဂျူးဘာသာရေး ခေါင်းဆောင်များသည် သူတို့သာလျှင် အမှန်တရားကို သိသောသူများအဖြစ် ခံယူကြပြီး ခရစ်တော်နှင့် ပတ်သက်သော အမှန်တရားများကို ငြင်းပယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ပြောကြားချက်တို့သည် သူတို့ ပြောကြားချက် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည်သာ အမှန်တရားကို သိပြီး ကျွန်ုပ်တို့နှင် သဘောမတိုက်ဆိုင်သော သူတို့၌ အမှန်တရားမရှိဟု ထင်လေ့ရှိကြသည်။ ဘုရားသခင်၏ အမှန်တရားသည် လူတိုင်းအတွက် ဖြစ်သည်။ ဖာရိရှဲ (Pharisees) တို့ကဲ့သို့ တကိုယ်ကောင်းဆန်သော ကျဉ်းမြောင်းသော အမြင်မရှိအောင် သတိပြုပါ။

Continue… » »


❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.