❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၇

၇း၅၀-၅၂  ဤကျမ်းပိုဒ်သည် ယေရှုထံသို့ ညအချိန်၌ သွားရောက်ခဲ့သော ဖာရိရှဲ၊ နိကောဒင် (Nicodemus) နှင့် ပတ်သက်၍ ဖော်ပြထားသည် (အခန်းကြီး ၃)။ နိကောဒင်သည် ယေရှုအား လျှို့ဝှက်စွာ ယုံကြည်ခဲ့သောသူ ဖြစ်သည်။ ဖာရိရှဲတို့သည် ယေရှုအား မုန်းတီးပြီး သတ်ဖြတ်လိုသည့် အချိန်အခါ၌ နိကောဒင်သည် သူ၏ဂုဏ်၊ အဆင့်အတန်းကို အရဲစွန့်ကာ ယေရှုဘယ်မှ ပြောခဲ့သည်။ သူသည် ရဲဝံ့စွာ ပြောခဲ့ပြီး ဖာရိရှဲတို့သည် ချက်ချင်းပင် သံသယဖြစ်ခဲ့သည်။ ယေရှု သေဆုံးပြီးနောက်တွင် နိကောဒင်သည် အမွှေးနံ့သာကို ယူလာခဲ့သည် (၁၉း၃၉)။ နိကောဒင်နှင့် ပတ်သက်၍ ကျမ်းစာ၌ နောက်ဆုံး ရေးသားချက် ဖြစ်သည်။

၇း၅၁  နိကောဒင်သည် ဖာရိရှဲတို့အား သူတို့၏ ဥပဒေသများကို မလိုက်နာခြင်းနှင့် ပတ်သက်၍ သူတို့နှင့် အခြေအတင် ပြောခဲ့သည်။ ဖာရိရှဲတို့သည် ပို၍ အခြေမခိုင် ဖြစ်လာသည်။ ဗိမာန်တော်ကို စောင့်ကြပ်သော သူများသည်လည်း ယေရှုအား ပို၍ လေးစားလာသည် (၇း၄၆)။ နိကောဒင်ဆိုသော ဖာရိရှဲသည်ပင်လျှင် ယေရှုကို အကာအကွယ် ပြောခဲ့သည်။ ဖာရိရှဲတို့သည် သူတို့ မကောင်းစိတ်ထားနှင့် ဂုဏ်သိက္ခာ တဖြည်းဖြည်း ထိပါးလာသည်နှင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် စတင်လုပ်ဆောင် လာခဲ့ကြသည်။ မာန်မာနသည် သူတို့၏ တွေးခေါ်ဆုံးဖြတ်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။ နောက်ပိုင်း၌ သူတို့သည် ယေရှုအား ဖယ်ရှားရန် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ကောင်းမကောင်းကို သတိမပြုဘဲ လုပ်ဆောင်ခဲ့ကြသည်။

Continue… » »


❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.