❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၁၂ ‘ဤလောက၏အလင်း’ ၏ အဓိပ္ပါယ်ဆိုလိုချက်ကို ၁း၎-၅ ၌ တွေ့နိုင်သည်။
၈း၁၂ ယေရှုသည် ဗိမာန်တော်၏ ဘဏ္ဍာတိုက်နား၌ စကားပြောခဲ့သည်။ ထိုနေရာသည် ဖယောင်းတိုင်ကို မီးရှို့သောနေရာဖြစ်ပြီး ဣသရေလ (Israel) လူမျိုးတို့ တော၌ လည်ပတ်စဉ် မီးဖြင့်လမ်းပြခဲ့ခြင်းကို ပုံဆောင်သည် (ထွ ၁၃း၂၁-၂၂) ဤနေရာ၌ ယေရှုသည် သူ့ကိုယ်သူ ‘ဤလောက၏အလင်း’ ဟုခေါ်ဆိုခဲ့သည်။ မီးတိုင်သည် ဘုရားသခင် တည်ရှိနေမှု၊ ကာကွယ်မှုနှင့် လမ်းပြမှုကို ပုံဆောင်သည်။ ယေရှုသည် ဘုရားသခင် တည်ရှိမှု၊ ကာကွယ်မှု၊ လမ်းပြမှုတို့ကို ယူဆောင်လာခဲ့သည်။ ယေရှုသည် သင်၏ ကမ္ဘာ၌ အလင်း ဖြစ်ပါသလား။
၈း၁၂ ခရစ်တော်၏ နောက်တော်သို့ လိုက်ခြင်းသည် မည်သို့ အဓိပ္ပါယ် ရှိပါသနည်း။ စစ်သားတို့သည် သူတို့၏ အရာရှိ၏ နောက်ကို လိုက်သကဲ့သို့ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စစ်သူသရဲ ခေါင်းဆောင်ဖြစ်သော ယေရှု၏ နောက်တော်သို့ လိုက်ရမည်။ ကျွန်သည် သူ၏သခင် နောက်သို့ လိုက်သကဲ့သို့ ကျွန်ုပ်တို့သည် အရှင်သခင် ခရစ်တော်၏ နောက်တော်သို့ လိုက်ရမည်။ ကျွန်ုပ်တို့ ယုံကြည်စိတ်ချသော အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အကြံဥာဏ်ကို ကျွန်ုပ်တို့သည် လိုက်သကဲ့သို့ ကျမ်းစာ၌ ဖော်ပြထားသော ယေရှု၏ မိန့်မှာချက်များကို ကျွန်ုပ်တို့သည် လိုက်သင့်သည်။ နိုင်ငံ၏ ဥပဒေများကို ကျွန်ုပ်တို့သည် လိုက်နာ သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ ဥပဒေများကို ကျွန်ုပ်တို့သည် လိုက်နာရမည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯