❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၅၈ ဤပြောကြားချက်သည် ယေရှုက ပြောခဲ့သည့် အလွန်အရေးပါသည့် ပြောကြားချက် ဖြစ်သည်။ ယေရှုက သူသည် အာဗြဟံ မမွေးဖွားခင် အချိန်ကတည်းက သူရှိခဲ့ ပြီဟု ပြောခဲ့ခြင်းသည် သူ၏ဘုရားသခင် ဖြစ်ကြောင်းကို ဖော်ပြခြင်းလည်း ဖြစ်သည်။ ယေရှုသည် အာဗြဟံ မတိုင်မှီ အချိန်ကတည်းကပင် သူတည်ရှိခဲ့သည်ဟု ပြောခဲ့သည်သာမက ‘ငါ’ ဟူသော စကားကို ဘုရားသခင်ကဲ့သို့ပင် သုံးခဲ့သည်။ (‘ငါ’ ဖြစ်သည့်အတိုင်း (ထွ ၃း၁၄)) ကဲ့သို့ သုံးနှုန်းခြင်းသည် လျစ်လျူ ရှု၍ မရတော့ပေ။ ဂျူးလူမျိုး၊ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား ကျောက်တုံးဖြင့် ပစ်ရန်ကြိုးစား ခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် ဘုရားသခင်နှင့် ညီတူညီမျှ ဖြစ်သည်ဟု ပြောခဲ့၍ ဖြစ်သည်။ ယေရှုသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ သားတော် ယေရှုကို သင်သည် မည်ကဲ့သို့ တုန့်ပြန်ခဲ့ပါသနည်း။
၈း၅၉ ဝတ်ပြုရာကျမ်း ၂၄း၁၆ အရ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား ကျောက်ခဲဖြင့်ပစ်ရန် အဆင်သင့်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် မိမိကိုယ်မိမိ ဘုရားဖြစ်သည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ယေရှုပြောနေသော အရာကို ကောင်းမွန်စွာ နားလည်သည်။ ယေရှုအား ဘုရား ဖြစ်သည်ဟု မယုံကြည်ပါ။ ယေရှုအား ဘုရားကို ရှုံ့ချပြောဆိုသူအဖြစ် စွဲချက်တင်ခဲ့ကြသည်။ အမှန်မှာ သူတို့အစေခံမည်ဟု ပြောခဲ့သည့် ဘုရားသခင်ကို ဆဲရေးတိုင်းထွာခြင်း၊ တိုက်ခိုက်ခြင်းများ ပြု၍ ပြောဆိုနေသူများ ဖြစ်ကြသည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯