❮ Prev . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၉
၉း၃၈ ထိုသူသည် ခရစ်တော်အားဖြင့် အသစ်သော အသက်တာကို ပို၍ခံစား လာရသည်နှင့်အမျှ သူ့အား ကျမ်းမာစေသော သူအပေါ်၌ ပို၍ စိတ်ချယုံကြည်ခြင်း ဖြစ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ် မျက်စိသည်သာ အလင်းရခဲ့သည် မဟုတ်ဘဲ ဝိညာဉ်မျက်စိသည်လည်း ပွင့်လင်း ခဲ့သောကြောင့် သူသည် ယေရှုအား ဦးစွာ သတိပြုမိခဲ့ပြီး ထိုနောက်မှ သူ၏ အရှင်သခင်အဖြစ် သတိပြုမိခဲ့သည်။ သင်သည် ခရစ်တော်ထံသို့ လှည့်သော အခါ၌ သင်က သူ့အား ပြောင်းလဲသော အမြင်ဖြင့် စတင်ရှုမြင်လိမ့်မည်။ ခရစ်တော်နှင့် အတူတကွ လျှောက်လှမ်း သည်နှင့်အမျှ သူ့အား သင်သည် ပို၍နားလည် လာပေလိမ့်မည်။ ရှင်ပေတရု (Peter) က ‘ငါတို့ကို ကယ်တင်သော အရှင်ယေရှု ခရစ်တော်ကို သိကျွမ်းခြင်း၌၎င်း ကြီးထွားကြလော့’ ဟု ပြောထားသည် (၂ ပေ ၃း၁၈)။ သင်က ယေရှုကို ပို၍ သိကျွမ်းလိုလျှင် သင်သည် ယေရှုနှင့် အတူတကွ လျှောက်လှမ်းပါ။
၉း၄၀-၄၁ ဖာရိရှဲ (Pharisees) တို့၏ ဝိညာဉ်မျက်စိ ကွယ်နေသည်ဟု ယေရှုက ထင်မြင်ခဲ့ကြောင်း ဖာရိရှဲတို့ ကြားသိသောအခါ၌ သူတို့သည် လွန်စွာအံ့သြ ခဲ့ကြသည်။ ယေရှုက ပြောခဲ့သည်မှာ ဝိညာဉ်မျက်စိ ကန်းသောကြောင့် (နားမလည်နိုင်မှု၊ မိုက်မဲမှု) သာ ဖာရိရှဲတို့သည် ထိုသို့ပြုခဲ့သည်။ စိတ်နှလုံးတံခါးကို ဖွင့်၍ အပြစ်တရားသည် အမှန်တရားကို မမြင်နိုင်အောင် ဖုံးထားခြင်းကို သိသောသူများအား ယေရှုသည် ဝိညာဉ်ရေးရာ နားလည်မှုနှင့် အမြင်သစ်ကို ပေးခဲ့သည်။ ယေရှုသည် အတ္တဆန်သော ဝိညာဉ်မျက်စိ ပိတ်ထားသော သူများကို ငြင်းပယ်ခဲ့သည်။
❮ Prev . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯