❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၃
၃း၆ ဝိညာဉ်တော်သည် အဘယ်သူနည်း၊ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဘုရားသခင်သည် ယေရှုအားဖြင့် လူ့ဇာတိကို ခံယူပြီး ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံခဲ့သည်။ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး ဝိညာဉ်အသစ် မွေးဖွားခြင်းအားဖြင့် လူတို့အား ကယ်တင်ခြင်းကို ပေးလေသည်။ ယေရှုသည် ကောင်းကင်ဘုံသို့ တက်ကြွတော် မူသောအခါ၌ သူ၏ ခန္ဓာသည်မြေကြီးမှ ထွက်ခွာသွားသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ခြင်းဖြင့် လူသားတို့အတွင်း၌ သူသည် ဝိညာဉ်အားဖြင့် တည်နေလေသည်။ ပင်တေကုတ္တေ (Pentecost) ပွဲနေ့သည် သန့်ရှင်းသော ဝိညာဉ်တော်အား လူသားအားလုံးက ခံယူနိုင်သည့် ပထမဆုံးနေ့ဖြစ်သည် (တ ၂)။ ဓမ္မဟောင်း အချိန်ကာလ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လူအချို့တို့အား တိကျသော အရာတစ်ခုခုကို လုပ်ဆောင် နိုင်ရန် အားဖြည့်ပေးသည်။ ယခုအချိန်အခါ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးသည် ယုံကြည် သူတိုင်းအတွက်ဖြစ်သည်။
၃း၈ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ထိန်းချုပ်၍မရပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ မခန့်မှန်းနိုင်သော၊ နားမလည်နိုင်သော၊ နည်းလမ်းများဖြင့် လုပ်ဆောင် လေ့ရှိသည်။ သင်၏ ကိုယ်ခန္ဓာ မွေးဖွားခြင်းကို သင်သည် ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ သင်၏ ဝိညာဉ်မွေးဖွား ခြင်းကို သင်သည် မထိန်းချုပ်နိုင်ပါ။ ဝိညာဉ်မွေးဖွား ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘုရားရှင်မှ ပေးသည့် ဆုကျေးဇူးဖြစ်သည် (ရော ၈း၁၆၊ ၁ ကော ၂း၁၀-၁၂၊ ၁ သက် ၁း၅-၆)။
❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯