❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၁၆ သတင်းကောင်းကို ဤကျမ်းပိုဒ်များ၌ ပို၍အာရုံစိုက် ဖော်ပြထားသည်။ ဘုရားသခင်၏ မေတ္တာတော်သည် ရပ်တန့်ခြင်း၊ တကိုယ်ကောင်း ဆန်ခြင်းမရှိ။ မေတ္တာတော်သည် လူသား အားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးကို ဆွဲဆောင်လေသည်။ ဤကျမ်းပိုဒ်၌ စစ်မှန်သော ချစ်ခြင်းကို ဖော်ပြထားသည်။ လူတစ်ဦးကို မြတ်နိုးစွာချစ်လျှင် သင်သည် ထိုသူအတွက် စွန့်လွှတ် အနစ်နာ ခံနိုင်ရမည်။ ယင်းသည် ချစ်ခင်သော ပေါင်းသင်းဆက်ဆံခြင်း အားလုံးတို့၏ အခြေအမြစ် ဖြစ်သည်။ ဘုရားသခင်သည် သူပေးနိုင်သည့် တန်ဖိုးအကြီးဆုံးသော သားတော်၏ အသက်ကို ကျွန်ုပ်တို့အား ကြင်နာစွာ ပေးခဲ့သည်။ ယေရှုသည် ကျွန်ုပ်တို့ အပြစ်အတွက် အဖိုးအခကို ပေးဆပ်ခဲ့ပြီးနောက် ကျွန်ုပ်တို့အတွက် အသက်တာ အသစ်ကို ယူဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့က အခြားသူများအား သတင်းကောင်းကို ဝေမျှသောအခါ၌ ယေရှု၏ ချစ်ခြင်းမေတ္တာနှင့် ဝေမျှရမည်။ ကိုယ်ကျိုးစွန့်ကာ ဘုရားသခင်၏ သတင်းကောင်းကို အခြားသူများအား ဝေမျှပါ။ သို့မှသာ ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်တို့နှင့် အတူတကွ သူတစ်ပါးများလည်း ခံစားနိုင်ပေလိမ့်မည်။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.