❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၁၆ လူအချို့တို့သည် ထာဝရအသက် ဆိုသော စကားကို မကြားလိုပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်ရှိ အသက်တာသည် စိတ်ပျက်ဖွယ်ရာများနှင့် ပြည့်ဝနေ၍ ဖြစ်သည်။ ထာဝရအသက်သည် ထိုစိတ်ပျက်ဖွယ်ရာ သေတတ်သော အသက်တာ မဟုတ်ပါ။ ထာဝရအသက်သည် ခရစ်တော်မှတစ်ဆင့် ယုံကြည်သူများအား ပေးထားသော ဘုရားသခင်၏ အသက်ဖြစ်သည်။ ထာဝရ အသက်၌ သေခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ရန်သူ၊ မကောင်းမှု အပြစ်ဟူ၍မရှိပေ။ ကျွန်ုပ်တို့သည် ခရစ်တော်ကို မသိလျှင် ဤလောက အသက်တာ တစ်ခုတည်းသာ ကျွန်ုပ်တို့၌ ရှိသည်ဟု ယူဆကာ အသက်ရှင် တတ်ကြသည်။ အမှန်မှာ ဤအသက်တာသည် ထာဝရ အသက်တာ၏ အစသာဖြစ်သည်။ ထိုအသစ်သော ထာဝရအသက်ကို ကျွန်ုပ်တို့သည် ယုံကည်ခြင်းဖြင့် ခံယူလျက် လက်ရှိ အသက်တာ၌ ဖြစ်ပျက်နေသော အရာများကို ထာဝရအသက်တာ ရှုထောင့်မှ သုံးသပ်ဆင်ခြင်ရမည်။

၃း၁၆ ယုံကြည်ခြင်းသည် ယေရှုအား ဘုရားသခင် ဖြစ်သည်ဟု ဦးနှောက်အားဖြင့် လက်ခံခြင်းထက် ပိုသည်။ ယုံကြည်ခြင်းသည် ခရစ်တော် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့အား ကယ်တင်နိုင်သည်ဟု ယုံကြည်အားကိုးခြင်း ဖြစ်သည်။ ခရစ်တော်အား ကျွန်ုပ်တို့လက်ရှိ အသက်တာ၌ လုပ်ဆောင်မှုများ၊ ထာဝရ ရည်မှန်းချက်များကို အုပ်စိုးစေပါ။ ခရစ်တော်၏ စကားကို မှီခိုအားကိုး ဖွယ်ရာ စကားများအဖြစ် ခံယူလျက် ပြောင်းလဲမှုများဖြစ်ရန် ဘုရားသခင်၏ တန်ခိုးတော်ကို ကိုးစားပါ။ သင်သည် ခရစ်တော်အား မည်သည့်အခါမျှ ယုံကြည်အားကိုး ခဲ့ခြင်း မရှိခဲ့ပါက ယခုအချိန်မှစ၍ နောင်တရပြီး ယုံကြည်အားကိုးပါ။ သူပေးသည့် ကတိတော်ကို သင့်အတွက် ဖြစ်စေပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.