❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၃
၃း၂၅ လူအချို့တို့သည် ငြင်းခုံခြင်း၊ သဘောကွဲခြင်းများ အပေါ်၌သာ အာရုံ စိုက်ခြင်းဖြင့် သူတို့၏ မနှစ်မြို့ဖွယ်ရာ၊ မကျေနပ်ချက်၊ သံသယဖြစ်ခြင်း စသောမျိုးစေ့တို့ကို စိုက်ပျိုးတတ်သည်။ နှစ်ခြင်းဆရာ ယောဟန် (John the Baptist) သည် ဘာသာရေးနှင့် ပတ်သက်သော ငြင်းဆိုဖွယ်ရာ အချက်များကို ခရစ်တော်၌ အာရုံပြုခြင်းဖြင့် ဖြေရှင်းခဲ့သည်။ အခြားသူအား ကျွန်ုပ်တို့ ယုံကြည်ချက်အတိုင်း ယုံကြည်ရန် တွန်းအားပေးခြင်းသည် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်စေတတ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့ အသက်တာအတွက် မည်သို့ လုပ်ဆောင်ခဲ့သည်ကို သက်သေပြခြင်းသာ အကောင်းဆုံးဖြစ်သည်။ သို့ပြုလျှင် မည်သူကမျှ ကျွန်ုပ်တို့အား ငြင်းဆန်နိုင်မည်မဟုတ်ပါ။
၃း၂၆ နှစ်ခြင်းဆရာ ယောဟန်၏ နောက်လိုက်များသည် လူအများက ယောဟန်၏ နောက်တော်သို့ လိုက်ကြမည့်အစား ခရစ်တော်၏ နောက်တော်သို့ လိုက်နေကြခြင်းကို တွေ့သောအခါ စိတ်မကျေမချမ်း ဖြစ်ခဲ့ကြသည်။ သူတစ်ပါး၏ အောင်မြင်သော သာသနာလုပ်ငန်းအား မနာလိုဖြစ်ရန် လွယ်ကူသည်။ သို့သော် ကျွန်ုပ်တို့က သတိပြုရမည်မှာ စစ်မှန်သော သာသနာ ပြုခြင်းသည် လူတို့အား ကျွန်ုပ်တို့ နောက်သို့လိုက်အောင် ပြုလုပ်ခြင်းမဟုတ်ဘဲ ခရစ်တော်၏ နောက်သို့လိုက်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။
❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯