❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၃၁-၃၅ ကျွန်ုပ်တို့သည် ယေရှု၏ သက်သေခံချက်ကို ယုံကြည်ကိုးစွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ကောင်းကင်မှ ကြွလာသော သူဖြစ်ပြီး သူမြင်ခဲ့သော အရာများကို ပြောခဲ့သောကြောင့် ဖြစ်သည်။ သူပြောကြားခဲ့သော စကားများမှာ ဘုရားသခင်၏ စကားကဲ့သို့ဖြစ်သည်။ သင်၏ဝိညာဉ် အသက်တာသည် ယေရှုခရစ်တော် မည်သူဖြစ်သနည်းဟူသော မေးခွန်း၏ အဖြေပေါ်၌ မူတည်နေသည်။ သင်သည် ယေရှုအား ပရောဖက် (Prophet) တစ်ပါး၊ ဆရာတစ်ပါး အဖြစ်သာ လက်ခံလျှင် သူသည် ဘုရားရှင်၏ သားတော်ဖြစ်ခြင်း၊ ဘုရားဖြစ်ခြင်းကို ငြင်းပယ်ရာရောက်သည်။ ရှင်ယောဟန် ခရစ်ဝင် ကျမ်း၏ အနှစ်သာရမှာ ယေရှုခရစ်သည် ဘုရား၏ သားတော်၊ မေရှိယ (Messiah)၊ ကယ်တင်ရှင် ကမ္ဘာအစဦး၌ တည်ရှိ သည်သာမက ထာဝရတည်ရှိမည့် သခင်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုယေရှုသည် သူ့ကိုလက်ခံရန် ကျွန်ုပ်တို့အား ခေါ်ဖိတ်လျက်ရှိ၏။ ကျွန်ုပ်တို့သည် ယေရှုနှင့် ထာဝရနေထိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုကို ပို၍ နားလည်မှု ရှိလာသည်နှင့်အမျှ သူပြောခဲ့သော အရာများကို ပို၍ ယုံကြည်နိုင်မည်ဖြစ်သည်။

၃း၃၄ ဘုရားသခင်၏ ဝိညာဉ်သည် ယေရှုအပေါ်၌ အတိုင်းအဆ မရှိ တည်ရှိသည်။ ထို့ကြောင့်လည်း ယေရှုသည် လူသားအားလုံးအတွက် ဘုရားသခင်၏ သဏ္ဍန်ကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့သည် (ဟေဗြဲ ၁း၂)။

Continue… » »


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.