❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၃၆ ယေရှုက ပြောခဲ့သည်မှာ သူ့ကို ယုံကြည်သူတို့သည် ထာဝရအသက်ကို ရ၏ (ရရှိလိမ့်မည်ဟူ၍ မရေးကြောင်း သတိပြုပါ) ထာဝရအသက်ကို ရရှိရန်မှာ ကျွန်ုပ်တို့သည် ထာဝရတည်ရှိသည့် ဘုရားသခင်နှင့် ဆက်သွယ်ရမည် ဖြစ်သည်။ ထို့ကြောင့် ထာဝရအသက်သည် ဝိညာဉ်ရေးရာနှင့် အသစ်မွေးဖွားသည့် အချိန်မှအစပြုသည်။

၃း၃၆ ရှင်ယောဟန်က ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယေရှုသာလျှင် ကျွန်ုပ်တို့ အသက်တာ၌ အကြီးမား ဆုံးသော ရွေးချယ်ရာဖြစ်သည်။ မည်သူ့အား နာခံမည်ကို ယခုအချိန်၌ ဆုံးဖြတ်ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည် (ယေရှု ၂၄း၁၅)။ ဘုရားသခင်က သူ့ကိုသာ ကျွန်ုပ်တို့အား ရွေးချယ်စေလိုသည် (တရား ၃၀း၁၅-၂၀)။ ဘုရားသခင်၏ အမျက်ဆိုသည်မှာ ဘုရားသခင်၏ နောက်ဆုံးသော စီရင်တော်မူခြင်းနှင့် အပြစ်သားများကို ငြင်းပယ်ခြင်း ဖြစ်သည်။ သားတော်ကို ပယ်ခြင်းဆိုသည်မှာ ခရစ်တော် နောက်သို့ မလိုက်ရန် ဆုံးဖြတ်ခြင်းလည်း ဖြစ်သည်။ ယေရှုနောက်လိုက်ရန် မဆုံးဖြတ်နိုင်ခြင်းသည် လွန်စွာမှားယွင်းသည်။

Continue… » »


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.