❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၎
၎း၁၀ ယေရှုက ‘အသက်ရေ’ ၏ အဓိပ္ပါယ်ကို မည်သို့ဖွင့်ပါသနည်း။ ဓမ္မဟောင်း ကျမ်းပိုဒ်များ၌ ဘုရားသခင်အား ဆာငတ်ခြင်းကို ရေငတ်ခြင်းနှင့် နှိုင်းယှဉ်ထားသည် (ဆာ ၄၂း၁၊ ယေရှာ ၅၅း၁၊ ယေရမိ ၂း၁၃၊ ဇာ ၁၃း၁)။ ဘုရားရှင်အား အသက်စမ်းရေတွင်းဟု ဆာ ၃၆း၉၊ ယေ ၁၇း၁၃ ၌ ဖော်ပြထားသည်။ ယေရှုက ဘုရားသခင်အား ဆာငတ်ခြင်းကို ဖြေဖျောက်စေမည့် အသက်စမ်းရေကို ပေးမည်ဟု ပြောဆိုခြင်းသည် ယေရှုက မေရှိယ (Messiah) ဖြစ်သည်ဟု ပြောဆိုခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မေရှိယ တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ ဝိညာဉ်ကို နှစ်သိမ့် စေနိုင်သောကြောင့်ဖြစ်သည်။
၎း၁၃-၁၅ ဝိညာဉ်ရေးရာ လိုအပ်ချက်များနှင့် ကိုယ်ခန္ဓာ လိုအပ်ချက်များသည် တူညီလေ့ရှိသည်။ ကိုယ်ခန္ဓာသည် ဆာလောင်မှု၊ ငတ်မွတ်မှုရှိသကဲ့သို့ ကျွနု်ပ်တို့၏ ဝိညာဉ်သည်လည်း ဆာလောင်ငတ်မွတ်မှု ရှိတတ်သည်။ ကျွန်ုပ်တို့၏ ဝိညာဉ်အတွက် ဝိညာဉ်အစာ၊ အဟာရ၊ ရေ လိုအပ်သည်။ ထိုအမျိုးသမီး၏ ဝိညာဉ်ရေးရာ ဆာလောင်မှု၊ ဝိညာဉ်ရေ ငတ်ပြတ်မှုကို သူ့အား မည်သူကမျှ ခရစ်တော်အကြောင်း ပြောပြခဲ့ခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အား မည်သည့်အခါမျှ အစာရေစာ ငတ်မထားကြပါ။ ကျွန်ုပ်တို့၏ ဝိညာဉ်အား အဘယ်ကြောင့် ဝိညာဉ်အစာ အဟာရတို့နှင့် ကင်းဝေးစေပါသနည်း။ ယေရှုခရစ်တော် တည်းဟူသော အသက်ရှင်နေသည့် နှုတ်ကပတ်တော်၊ ကျမ်းစာ၌ ရေးသားထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကသာလျှင် ကျွန်ုပ်တို့ ဝိညာဉ်၏ ဆာလောင်မွတ်သိပ် မှုများကို ဖြေသိမ့်ပေးနိုင်သည်။
❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯