❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၅
၅း၂၅ ‘သေလွန်သော သူတို့သည် ဘုရားသခင် သားတော်၏ စကားသံကိုကြား၍’ ၏ အဓိပ္ပါယ်မှာ ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့ ခရစ်တော်၏ စကားကို ကြားနိုင်၊ နားလည်နိုင်၊ လက်ခံနိုင်ခြင်းကို ဆိုလိုသည်။ နှုတ်ကပတ်တော်ဖြစ်သော ယေရှုကို လက်ခံသောသူတို့သည် ထာဝရအသက်ကို ရမည်။ ယေရှုက ခန္ဓာကိုယ် သေဆုံးခြင်း အကြောင်းကိုလည်း ပြောဆိုခဲ့သည်။ သူသည် ဤလောက၌ ရှိစဉ် လူအများကို ပြန်လည်အသက်ရှင် စေခဲ့သည်သာမက ဒုတိယအကြိမ် ကြွလာသော အခါ၌လည်း သေဆုံးပြီးသွားသော ခရစ်ယာန် အားလုံးတို့သည် သူနှင့်တွေ့ရန် ပြန်လည် ရှင်ပြန် ထမြောက် ကြဦးမည် (၁ သက် ၄း၁၆)။
၅း၂၆ ဘုရားသခင်သည် အသက်၏ အရင်းအမြစ်၊ အသက်ကို ဖန်ဆင်းရှင်ဖြစ်သည်။ ယခုအချိန်၌၎င်း နောင်ကာလ၌၎င်း ဘုရားရှင်ထံမှ လွဲ၍ အသက်မရှိပေ။ ကျွန်ုပ်တို့အတွင်းရှိ အသက်သည် ဘုရားရှင်ထံမှ လာသောဆုကျေးဇူး လက်ဆောင်ဖြစ်သည် (တရား ၃၀း၂၀၊ ဆာ ၃၆း၉)၊ ယေရှုသည် ဖန်ဆင်းရှင်ဖြစ်သော ဘုရားရှင်နှင့် ထာဝရ အတူရှိသည် ဖြစ်သောကြောင့် သူသည်လည်းအသက်ဖြစ်ပြီး (၁၄း၆) သူမှတစ်ဆင့် ကျွန်ုပ်တို့သည် ထာဝရအသက်ရှင်ရသည်။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯