❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၅

၅း၄၁ သင်သည် မည်သူတို့၏ ချီးမွမ်းခြင်းကို ရှာဖွေနေပါသနည်း။ သာသာရေး ခေါင်းဆောင်တို့သည် ဣသရေလပြည် (Israel) တွင် သူတို့ရရှိသော ဂုဏ်ပကာသနများ၌ ကြည်နူးလျက် ရှိသည်။ ယေရှုသည် ဘာသာရေး ခေါင်းဆောင်များ၏ ထောက်ခံမှုကို အလေးမထားဘဲ ဘုရားသခင်၏ အသိအမှတ် ပြုမှုကိုသာ အရေးထား ခဲ့သည်။ ယင်းသည် ကျွန်ုပ်တို့အတွက် လွန်စွာ အရေးကြီးသော စံနမူနာဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကို ဤလောကရှိ အမြင့်ဆုံးသော ပုဂ္ဂိုလ်က အသိအမှတ် ပြုသော်လည်း ဘုရာသခင်က အသိအမှတ် မပြုလျှင် ထိုလုပ်ဆောင်မှုကို ကျွန်ုပ်တို့က သတိပြု ရှောင်ရှားသင့်သည်။ အခြားသူများက အသိအမှတ် မပြုသော်လည်း ဘုရားသခင်က အသိ အမှတ်ပြုလျှင် ထိုလုပ်ဆောင်မှု၌ ကျေနပ်နှစ်သက်ပါ။

၅း၄၅ ဖာရိရှ (Pharisees) တို့သည် မောရှေ၏ နောက်လိုက် အစစ်အမှန်များအဖြစ် သူတို့ ဂုဏ်ယူခဲ့ကြသည်။ သူတို့သည် မောရှေ (Moses) ၏ ပညတ်အားလုံးကို လိုက်လျှောက်ရန် ကြိုးစားသည် သာမက သူတို့၏ ပညတ်အချို့ကိုလည်း ထပ်၍ ထည့်လေသည်။ ယေရှုသည် မောရှေက ထိုသူတို့အား အမျက်ထွက်လိမ့်မည်ဟု သတိပေးခဲ့သည်။ မောရှေက ယေရှုနှင့်ပတ်သက်၍ ရေးသားခဲ့သော်လည်း (က ၃း၁၅၊ တော ၂၁း၉၊ ၂၄း၁၇၊ တရာ ၁၈း၁၅) ဘာသာရေး ခေါင်းဆောင်တို့က ယေရှုကြွလာသော အခါ၌ ယေရှုအား မယုံကြည်ခဲ့ကြပေ။

Continue… » »


❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.