❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၁၄ ‘ခမည်းတော်ထံမှ လာသော တစ်ပါးတည်းသော သားတော်’ ၏ အဓိပ္ပါယ်မှာ ယေရှုသည် ဘုရားရှင်၏ ထူးခြားသော၊ တစ်ပါးတည်းသော သားတော်ဖြစ်သည်။ ထူးခြားချက်မှာ ယေရှုတစ်ပါးတည်းကိုသာလျှင် သားတော်ဟု ခေါ်ဆိုပြီး ယုံကြည်သူများကို ဘုရားသခင်၌ မွေးဖွားသော သားသမီးဟုခေါ်သည်။
၁း၁၄ ခရစ်တော် မွေးဖွားသောအခါ၌ ဘုရားသခင်သည် လူသားဖြစ်လာသည်။ ထိုအခါ၌ သူသည် ဘုရားတစ်ဝက်၊ လူတစ်ဝက်မဟုတ်ဘဲ လူသားစင်စစ် ဖြစ်သကဲ့သို့ ဘုရားစစ်စစ်လည်း ဖြစ်သည် (ကော ၂း၉)။ ခရစ်တော် မကြွလာမီ အချိန်ကာလ၌ လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အကုန်အစင် နားမလည်ပါ။ ခရစ်တော် ကြွလာပြီးနောက်တွင် လူတို့သည် ဘုရားသခင်ကို ပို၍ နားလည်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်အားဖြင့် သူ၏ သဘောသဘာဝကို ပြသခဲ့သည်။ ခရစ်တော်သည် လူ့အသွင်အားဖြင့် ဘုရားရှင်၏ အသွင်ကို တိကျစွာဆောင်သည်။ ယေရှုနှင့် ပတ်သက်၍ လူတို့မှ မှားယွင်းလေ့ရှိသော အမြင်များမှာ ယေရှု၏ လူသားဖြစ်ခြင်းကို လျော့ပေါ့ယုံကြည်ခြင်း၊ သူ၏ ဘုရားဖြစ်ခြင်းကို လျော့ပေါ့ခြင်းဖြစ်သည်။ ယေရှုသည် ဘုရားသခင် အပြည့်အဝ ဖြစ်သကဲ့သို့ လူသားစင်စစ်လည်းဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯