❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၂၅-၂၆ ယောဟန်သည် ဂျူးလူမျိုး (Jews) များကို ရေ၌ နှစ်ခြင်း ပေးခဲ့သည်။ ထိုအချိန်၌ ဂျူးလူမျိုး မဟုတ်သောသူများ ယုဒဘာသာ (Judaism) သို့ ပြောင်းသောအခါ၌ သန့်စင်စေခြင်း အနေဖြင့် ရေနှစ်ခြင်းကိုပေးသော ယုဒဘာသာကွဲ တစ်မျိုးရှိခဲ့သည်။ ဖာရိရှဲတို့မှာ ယောဟန်က အဘယ်သူ၏ အမိန့်ဖြင့် နှစ်ခြင်းပေးပါသနည်းဟု မေးမြန်းခြင်းသည် ဂျူးလူမျိုးများကို အဘယ်သူ၏ အမိန့်ဖြင့် ဂျူးလူမျိုးမဟုတ်သော သူများကဲ့သို့ ဆက်ဆံရပါသနည်းဟု မေးမြန်းခြင်းလည်းဖြစ်သည်။ ယောဟန်က ငါသည် ရေ၌နှစ်ခြင်းပေးသည်ဟု ဆိုလိုခြင်းမှာ နှစ်ခြင်းခံခြင်းသည် နောင်တရခြင်းကို ပုံဆောင်သောလုပ်ရပ်ဟု ဖော်ပြခဲ့သည်။ သို့သော် သူ့နောက်မှလာသောသူသည် အပြစ်ကို အမှန်တကယ် ခွင့်လွှတ်နိုင်သည်။ အပြစ်ကို ခွင့်လွှတ်ခြင်းသည် ဘုရားရှင်၏သား မေရှိယ တစ်ပါးတည်းသာ ပြုလုပ်နိုင်သည်။

၁း၂၇ နှစ်ခြင်းဆရာ ယောဟန် (John the Baptist) က သူသည် ခရစ်တော်၏ ခြေနင်းတော်ကြိုးကို ဖြေသော ကျွန်အဖြစ်ပင် မထိုက်တန်ဟု ပြောခဲ့သည်။ သို့သော် ရှင်လုကာခရစ်ဝင် ၇း၂၈ ၌ ယေရှုကသူ့အား အကြီးမြတ်ဆုံးသော ပရောဖက် (Prophet) ဟု ပြောခဲ့သည်။ ယောဟန်ကဲ့သို့ ကြီးမြတ်သော သူသည်ပင်လျှင် ခရစ်တော်၏ ကျွန်အဖြစ် မထိုက်တန်ကြောင်း ခံစားရလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၏ အစေကို ခံသောအခါ၌ ကျွန်ုပ်တို့၌ရှိသည့် ဂုဏ်မာနများကို ဖယ်ရှားထား သင့်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်မည်သူ ဖြစ်ကြောင်းကို အမှန်တကယ် နားလည်သောအခါ၌သာ ကျွန်ုပ်တို့၏ မာန်မာန၊ မိမိကိုယ်ကို အထင်ကြီးမှုတို့သည် ပပျောက်သွားလိမ့်မည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.