❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၅ မာရိသည် ယေရှု၏ ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်နာလေ့ရှိသည်။ ယေရှုသည် သူမ၏ သားဖြစ်သည် သာမက ဘုရား၏သားတော် ဖြစ်ကြောင်းကို မာရိက သတိပြုမိသည်။ ကျွန်ုပ်တို့သည် ခရစ်တော် ထံသို့ ကျွန်ုပ်တို့၏ ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းသင့်သည်ကို သိပြီးသကဲ့သို့ တင်ပြလေ့ရှိသည်။ သို့သော် ဘုရားသခင်သည် ထိုပြဿနာများကို တစ်ခြားနည်းလမ်းဖြင့် ဖြေရှင်းသောအခါများ ရှိပေမည်။ မာရိကဲ့သို့ ကျွန်ုပ်တို့ ပြဿနာများကို ခရစ်တော် ရှုမြင်သည့်အနေဖြင့် အကောင်းဆုံး နည်းလမ်းဖြင့် ခရစ်တော်က ဖြေရှင်းမည်ကို လက်ခံတတ်ရန်လိုပါသည်။
၂း၆ ကျောက်ရေအိုး (၆) ခြောက်အိုးတို့သည် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး ရေထည့်ရန် အသုံးပြုကြလေ့ရှိသည်။ ကျောက်ရေအိုး တစ်အိုးသည် ဂါလံ ၂၀-၃၀ ဆန့်သည်။ ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ လူတို့သည် နေ့စဉ် ထိတွေ့နေရသော အရာများအားဖြင့် မသန့်ရှင်းသော သူများကဲ့သို့ ဖြစ်ရသည်။ အစာမစားမီ အချိန်၌ သန့်စင်စေရန် ရေဖြင့်သူတို့၏ လက်များကို ဆေးလေ့ရှိသည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯