❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၄၆-၄၇ နေရာဒေသ အများ၌ ယေရှုက သူ၏နောက်သို့ လိုက်ပါရန် နားထောင်သူများအား စိန်ခေါ်မှုများကို ပြုခဲ့ကြသည်။ ယေရှု၏ ပြောဆိုချက်များနှင့် လုပ်ဆောင်မှုများအပေါ် မေးခွန်း ထုတ်လိုသူများအား ယေရှုက ကြိုဆိုခဲ့သည်။ ထိုသူများအား သူတို့ ရှာဖွေတွေ့ရှိသော အရာများအတိုင်း လိုက်လျှောက်ရန် ယေရှု လိုလားသည်။ လူတို့သည် ယေရှုအား သတိမပြုမိစေသော အကြောင်းအရာ (၂) ခုရှိသည်။
(၁) ယေရှုအား မည်သည့်အခါတွင်မျှ စစ်ဆေးစုံစမ်းမှု မပြုခြင်း
(၂) သူတို့က စစ်ဆေးစုံစမ်း ခဲ့သော်လည်း သူတို့တွေ့ရှိသည့်အရာကို မယုံကြည်လိုခြင်း ဖြစ်သည်။
သင်သည် အထက်ပါ အရာများ တစ်ခုခုကို ပြုခဲ့ဖူးပါသလား။
၈း၄၆ မည်သူကမျှ ယေရှုအား တစ်ခုသော အပြစ်ပြုမှုကို မစွပ်စွဲနိုင်ခဲ့ပါ။ ယေရှုအား မုန်းတီးသော သူများသည် ယေရှု၏ လုပ်ဆောင်မှုများအပေါ် ဝေဖန်ပြောဆို ခဲ့ကြသော်လည်း အပြစ်တစ်ခုကိုမျှ မရှာတွေ့ နိုင်ခဲ့ကြပါ။ ယေရှု၏ အပြစ်ကင်းမဲ့သော အသက်တာ၌ ဘုရားသခင်က လူ့ဇာတိ ခံယူခြင်းကို သက်သေ ဖြစ်စေခဲ့သည်။ ယေရှုသည် ကျွန်ုပ်တို့ လိုက်လျှောက်ရန်အတွက် ပြီးပြည့်စုံသော စံနမူနာဖြစ်သည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯