❮ Prev . . . ၉ ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၁
၁၁း၃၃-၃၈ ယောဟန် (John) မှ မီးမောင်းထိုးပြ လိုသည်မှာ ကျွန်ုပ်တို့၌ ကြင်နာတတ်သော ဘုရားရှိသည်။ ယင်းသည် ဂရိ (Greek) လူမျိုးတို့၏ ဘုရားသခင်နှင့် ပတ်သက်သော အယူအဆနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် ကြင်နာစိတ်မရှိ၊ လူတို့နှင့် ရှုပ်ထွေးစွာ ရောနှောနေလေ့ မရှိဟု ဂရိလူမျိုးတို့ ယူဆသည်။ ဤကျမ်းပိုဒ်၌ ယေရှု၏ ကြင်နာစိတ်၊ သနားစိတ်၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း တို့ကို တွေ့ရသည်။ ယေရူသည် သူ၏စိတ်၌ ခံစားနေရသော အရာများကို သူ့အားဖော်ပြရန် မကြောက်ရွံ့ သင့်ပါ။ သူက ထိုကဲ့သို့ ခံစားချက်များကို သူသည် နားလည်သည်။ သင်သည် ရိုးသားစွာဖြင့် လျှို့ဝှက်တတ်ခြင်းနှင့် ကင်းစေပါ။ သူသည် ကျွန်ုပ်တို့အား အစဉ်ကြင်နာစွာ စောင့်ရှောက်သည်။
၁၁း၃၈ ထိုအချိန်၌ သင်္ချိုင်းဂူများသည် တောင်နံရံ ကျောက်ကပါး အကွေ့ရှိဂူ (Cave) များဖြစ်သည်။ ထိုဂူများသည် လူဝင်၍ လမ်းလျှောက် နိုင်လောက်အောင် ကျယ်လေ့ရှိသည်။ ဂူတစ်ခု၌ အလောင်းများစွာကို ထားနိုင်သည်။ အလောင်းကို ဂူတွင်းသို့ သွင်းပြီးသောအခါ၌ ကြီးမားသော ကျောက်တုံးဖြင့် ဂူ၏အပေါက်ကို ပိတ်လေ့ရှိကြသည်။
❮ Prev . . . ၉ ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯